တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, October 17, 2015

ကြွက်သားနာကျင်မှု လျှော့ချနိုင်မည့် လမ်းလျှောက် ကွန်ပျူတာစားပွဲ (ရုပ်သံ)




ကွန်ပျူတာနဲ့ အလုပ် လုပ်ရတာကြောင့် ဂုတ်နာတယ် ဆိုတာ အမြဲတမ်းတော့ မဟုတ်ပါဘူး။ ကနေဒါနိုင်ငံ မဂျစ်လ် တက္ကသိုလ်မှ သုတေသန ပညာရှင်တွေက ဒါကို သက်သေ ပြတော့မှာပါ။ ကွီဘက်မြို့မှ ဇီဝယန္တရား ပညာနဲ့ လုပ်အား စွမ်းရည်မြှင့်တင်ရေး သုတေသန ဌာနက လူ့ခန္ဓာ လှုပ်ရှားမှု ဗေဒ ပါမောက္ခ ဂျူလီကုတ်နဲ့ အဖွဲ့ကတော့ လမ်းလျှောက်စက်နဲ့ တွဲထားတဲ့ ကွန်ပျူတာ စားပွဲမှာ လုပ်ရတဲ့ လူတွေဟာ စားပွဲမှာ ပုံသေထိုင်ပြီး လုပ်ရတဲ့ လူတွေထက် ကြွက်သားတွေ ပိုမို ကျန်းမာ ကြတယ်လို့ ဆိုပါတယ်။

“ကြွက်သားလှုပ်ရှားမှုနဲ့ ပတ်သက်လာရင် လူတွေ လမ်းသွားတဲ့အခါ လည်ပင်းနဲ့ ပခုံးကြွက်သားတွေရဲ့ တည်နေပုံက ပိုပြီး ကျန်းမာတဲ့သဘောရှိတယ်။ ဒါ ဘာသဘောလဲဆိုတော့ လည်ပင်းနဲ့ ပခုံးကြွက်သားတွေမှာ နှိုးဆွရတဲ့ ပမာဏက နည်းနည်းလျော့ကျသွားတယ်ဆိုတဲ့ သဘောပဲ။”

သူမရဲ့ဌာနက ကျန်းမာရေးကောင်းတဲ့ အစမ်းသပ်ခံမယ့်သူ အယောက် ၂၀ ကို ပုံသေထိုင်လျက် ဒါမှမဟုတ် စက်ခါးပတ်ပေါ်မှာ လမ်းလျှောက်လျက် မိနစ် ၉၀ ကြာ စာစီစာရိုက် အလုပ်ခိုင်းခဲ့ပါတယ်။

“ကျမတို့တွေ့တာကတော့ စွမ်းဆောင်ရည်ပိုင်းပေါ့။ စာရိုက်တဲ့အပိုင်းပေါ့။ သူတို့အနေနဲ့ ထိုင်ရင်းနဲ့ပဲရိုက်ရိုက် လမ်းလျှောက်ရင်းနဲ့ပဲရိုက်ရိုက် ဘယ်လောက်မြန်တယ်၊ ဘယ်လောက်အမှားများတယ်ဆိုတဲ့ နေရာမှာ သိပ်ကွာခြားတာ မရှိပါဘူး။”

ဒါပေမယ့် ကြွက်သားတွေရဲ့ အလုပ်လုပ်ပုံနဲ့ ဆက်စပ်တဲ့ ရုပ်ပိုင်းဆိုင်ရာ ကွာခြားချက်တွေတော့ ရှိပါတယ်လို့ သူမက ဆိုပါတယ်။ လျှပ်ငုတ်တွေသုံးပြီး လှုပ်ရှားမှု မှတ်တမ်းတင် နည်းပညာရဲ့ အကူအညီနဲ့ သွေးစီးဆင်းမှု၊ ကြွက်သားအလုပ်လုပ်ပုံနဲ့ ရွေ့လျားမှု ဒါမှမဟုတ် ကြွက်သားရဲ့ တည်နေပုံတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ကောက်ယူပါတယ်။

“သက်ဝင်လှုပ်ရှားတဲ့ ပုံစံတွေက အများကြီး အပြောင်းအလဲရှိတယ်။ နည်းနည်းလေး လှုပ်ရှားလိုက်တဲ့အခါ၊ ခန္ဓာကိုယ်ကို ယိမ်းလိုက်တဲ့အခါ ပြောင်းလဲမှုတွေ ပိုဖြစ်လာတယ်။ ကြွက်သားတွေ သက်ဝင်နိုးကြားမှု ရှိလာတာဟာ တကယ်ကောင်းတဲ့ အချက်ပါ။”

မတ်တတ်ရပ်သုံးရတဲ့ ကွန်ပျူတာစင်ကလည်း အကျိုးရှိတာ တွေ့ရပါတယ်။ ၀င်ရောက် အစမ်းသပ်ခံကြသူတွေဟာ မတ်တတ်ရပ်နေချိန်မှာ စွမ်းဆောင်ရည် ပိုမြင့်လာတယ်လို့ ကုတ်က ဆိုပါတယ်။ နောက်တဆင့်ကျရင်တော့ သုတေသန အင်စတီကျု ဒါမှမဟုတ် ကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သူမက ဆိုပါတယ်။ ဒါမှသာ ဒီရလဒ်တွေကို လုပ်ငန်းခွင်ဆီကို ဘယ်လိုပို့မလဲဆိုတာ သိလာမှာ ဖြစ်ပါတယ်။ တကယ်တော့ လူတွေဟာ တနေ့ကို ပျမ်းမျှ ၇ နာရီ အလုပ်လုပ်နေရတာပါ။ ဒါဟာ တကယ့်ကို ဒုက္ခဖြစ်နိုင်ပါတယ်။


By ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/116917

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments: