
ရီမုဒ်ကွန်ထရိုးလို့ ခေါ်မလား၊ ဒလက် ၄ ခုပါ ကစားစရာ ယာဉ်ပျံလို့ ခေါ်မလား ခေါ်ကြတဲ့ ဒရုန်းတွေဟာ အမေရိကန် အစိုးရ အခေါ်ကတော့ မောင်းသူမဲ့ လေယာဉ်ပျံ စနစ် တစ်မျိုးပါပဲ။ ဒရုန်းတွေကို မှတ်ပုံတင် ရမယ် ဆိုတဲ့ ကောလာဟလ က အခုတော့ အတည်ဖြစ် လာပါပြီ။
ဒရုန်းတွေနဲ့ မောင်းသူမဲ့လေယာဉ်တွေအတွက် မှတ်ပုံတင် ဥပဒေကို သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနကနေ လုပ်ဆောင်နေပါတယ်။ ဒီနေ့တော့၊ ဒီအစီအစဉ်ဟာ မူဝါဒတွေ၊ လုံခြုံရေး စံသတ်မှတ်ချက်တွေနဲ့ ကိုက်ညီ ရလိမ့်မယ်လို့ တရားဝင် ထုတ်ပြန်လိုက်ပါပြီ။
ဒါဟာ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တစ်ခုဖြစ်တယ်လို့ FAA (ဗဟိုအစိုးရ လေကြောင်း ကြီးကြပ်ရေး) မှ ကြီးကြပ်ရေးမှူး Michael Huerta ကပြောခဲ့ပါတယ်။ ဒရုန်းတွေကို နေ့စဉ်လောကမှာ လုံခြုံစိတ်ချရမှုမရှိဘဲ သုံးနေတာတွေနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြသွားပါတယ်။ မီးသတ်သမား လုပ်ဆောင်ချက်ကို နှောင့်ယှက်တာမျိုး က အန္တရာယ်ရှိတယ်လို့ Huerata ကထောက်ပြခဲ့ပါတယ်။
“မှတ်ပုံတင်ထားရင် မောင်းနှင်သူက စည်းမျဉ်းဥပဒေတွေကို သိထားတယ်ဆိုတာ သေချာစေမှာပါ။ ပြီးတော့ အများပြည်သူတွေဟာ ကိုယ့်ရဲ့ မောင်းသူမဲ့လေယာဉ်ကို တာဝန်သိသိ တာဝန်ရှိရှိ မောင်းနှင်ရမယ်ဆိုတာကို နားလည်သဘောပေါက်စေမှာပါ။” လို့ Michael Huerta ကပြောခဲ့ပါတယ်။
ဥပဒေမူကြမ်းဟာ ကနဦးအဆင့်မှာပဲ ရှိပါသေးတယ်။ ဘယ် ဒရုန်း အမျိုးအစားတွေကို မှတ်ပုံတင်ဖို့ လိုအပ်တယ်ဆိုတာနဲ့ ဘယ် ဒရုန်းတွေကတော့ ချွင်းချက်ရှိတယ်ဆိုတာကို အတိအကျ မသိရသေးပါဘူး။
Ref:engadget
Original link -
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |

No comments: