
Facebook က ကျွန်တော်တို့ အတွက် သတင်းစာစင် ဖြစ်ချင်ပါတယ်တဲ့။
Facebook App ထဲမှာတင် သတင်း ဆောင်းပါးတွေကို အသင့် ဖတ်နိုင်မယ့် Feature ကို Facebook က ထုတ်နေ ပါပြီ။ သတင်း ခေါင်းစဉ်တွေကို ဖတ်ရုံတင် မဟုတ်ဘဲ၊ သတင်းဆောင်းပါး အဆုံးထိ ဖတ်နိုင်စေပြီး သတင်း ဗီဒီယိုတွေ ကိုလည်း ကြည့်စေနိုင် မယ်လို့ Facebook က အောက်တိုဘာ ၂၀ရက်နေ့မှာ ပြောပါတယ်။
လွန်ခဲ့တဲ့ ၅ လတုန်းက ဒီလို feature ကို အကန့်အသတ်နဲ့ မိတ်ဆက် ခဲ့ဖူးပါတယ်။
Facebook ထဲမှာ သတင်းဖတ်ရတာဟာ စံဝဘ်ဆိုဒ်တစ်ခုမှာဖတ်ရတာထက် ၁၀ဆ ပိုမြန်တယ်လို့လည်း ဆိုပါတယ်။ ပိုမြန်တဲ့ loading, ပိုကောင်းတဲ့ အပြင်အဆင်တွေ ဖြစ်စေရမယ်လို့လည်း Facebook က ကတိပေးထားပါတယ်။
“ကျွန်တော်တို့ အာရုံအစိုက်ဆုံးအရာကတော့ နေ့စဉ်တန်ဖိုးကို ထောက်ပံ့ပေးဖို့ပါပဲ။” လို့ Instant Articles အဖွဲ့ကို စီမံခန့်ခွဲနေသူ Chris Cox က Wall Street ဂျာနယ်ကလုပ်တဲ့ WSJDLive အစည်းအဝေးမှာ ပြောခဲ့ပါတယ်။
မဂ္ဂဇင်းတွေ၊ ဝဘ်ဆိုဒ်တွေ နဲ့ နေ့စဉ်သတင်းစာတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး တစ်နေ့တစ်နေ့ကို သတင်းဆောင်းပါးပေါင်း ၁၀၀၀ Facebook မှာ ထုတ်ဝေဖို့ စီစဉ်နေတယ်လို့ Facebook ကပြောခဲ့ပါတယ်။
Ref: Cnet
Original link - http://technology.thithtoolwin.com/2015/10/facebook_21.html
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |

No comments: