
ကမ္ဘာ့ ရာသီဥတု အပြောင်း အလဲရဲ့ သက်ရောက်မှု တော်တော် များများဟာ ပြန်လည် ဖာထေး မရနိုင်တော့တဲ့ အကြောင်းကို ကျွန်တော်တို့တွေ သိလာပြီ ဖြစ်ပါတယ်။ ပင်လယ်ရေ မျက်နှာပြင် တွေဟာ တစ်နှစ်ထက် တစ်နှစ်ကို ပိုပိုလို့ မြင့်တက် လာခဲ့ ပါတယ်။
၂၀၁၃ခုနှစ်က National Geographic မှာပြခဲ့တဲ့အတိုင်းသာ ကမ္ဘာ့ ရေခဲပြင်တွေ အရေပျော် သွားတဲ့ အခါကျရင် ပင်လယ်ရေ မျက်နှာပြင်ဟာ ၂၁၆ပေ မြင့်တက် လာမှာပါ။
ကမ္ဘာ့တိုက်ကြီး တော်တော် များများမှာ ရေနစ်မြှုပ်ပြီး မြေမျက်နှာ သွင်ပြင် အပြောင်း အလဲတွေလဲ ကြီးကြီး မားမား ဖြစ်တော့မယ်။ ဒီလိုသာဆို လူတွေ အသက်ရှင် ရပ်တည်ဖို့ရာ မားစ်ဂြိုဟ်ပေါ်ကို ပြောင်းရွှေ့ရမယ်လို့ ဆိုကြ ပါတယ်။ ဒီ့အတွက် မားစ်ဂြိုဟ်ပေါ် ပြောင်းတဲ့ အခါ အဲဒီ့မှာ အသက်ရှင် ရပ်တည်ဖို့ရာ ဒေါက်တာမာတင် ပြောထားတဲ့ လမ်းညွှန် ချက်တွေ လေ့လြာ ကည့် ရအောင်ပါ။
လေဖိအားဖန်ပြွန် လိုပါလိမ့်မယ်
မားစ်ရဲ့မြေ မျက်နှာပြင် ပေါ်မှာ နေရတာဟာ နက်ရှိုင်းတဲ့ အာကာသထဲမှာ နေရတာနဲ့ တူတူပါပဲ။ ဒီ့အတွက် အထဲမှာ လေဖိအား ရှိနေဖို့ အတွက် လေဖိအား ဖန်ပြွန်တွေ ယူသွားကြဖို့ လိုပါ လိမ့်မယ်။
အောက်ဆီဂျင် လိုပါလိမ့်မယ်
ကာဗွန် နဲ့ ကာဗွန်ဒိုင် အောက်ဆိုဒ် ကနေ အောက်စီဂျင် ထုတ်ဖို့ အတွက် နည်းလမ်းပေါင်း မြောက်များစွာ ရှိပါတယ်။ ရှုပ်ထွေး လှတဲ့ အောင်စီဂျင် ထုတ်စက်တွေ ရှိရင် ဒါမှမဟုတ် အဲဒီ့မှာ အပင်စိုက်နိုင်ရင် သင်အောက်စီဂျင် ရပါလိမ့်မယ်။
ဓာတ်ရောင်ခြည် အကာ တွေလိုပါလိမ့်မယ်
ဓာတ်ရောင်ခြည်တွေကို ကာဖို့ အတွက် အလွယ်ဆုံး နည်းလမ်း ကတော့ နေမယ့်အခြေစိုက် စခန်းတွေကို မားစ်ရဲ့ ကျောက်တုံးတွေ သဲတွေ အောက်မှာ ဆောက်ထားရင် ရပါတယ်။ တတ်နိုင်သမျှ နက်နက်နေရာမှာ ဆောက်ထားရင် အကောင်းဆုံးပါပဲ။
ရေလိုပါလိမ့်မယ်
လုပ်ရမှာက ရေကို သယ်သွား၊ အပူပေး၊ ရေပြန်ထုတ်။ အထောက် အပံ့ ကောင်းကောင်း ရရင်၊ ပေါင်းခံ လိုက်ရုံနဲ့ ပြန်ပြန် သုံးလို့ ရနိုင်ပါတယ်။
အစားအစာ လိုပါလိမ့်မယ်
တစ်နှစ်ကို သင်ဘယ်လောက် များများ စားနိုင်လဲ ဆိုတာ စဉ်းစားပြီး အဲဒါကို စိုက်ပျိုးဖို့ အတွက် နေရာ ဘယ်လောက် များများ ယူမယ်ဆိုတာကို စိတ်ကူး ပုံဖော်ကြည့်ပါ။
စွမ်းအင် လိုပါလိမ့်မယ်
မားစ်ဂြိုဟ်ရဲ့ နေ့စဉ်ပျှမ်းမျှ အပူချိန်က 50C ဆိုတော့ အဲဒီကနေ စွမ်းအင်ကို အဆက် မပြတ် ရနိုင်မှာပါ။
Original link - http://technology.thithtoolwin.com/2015/10/blog-post.html

No comments: