
စက်တင်ဘာလဟာ နာမည်ကြီး ဖုန်းအသစ် ကြေငြာ ချက်တွေနဲ့ ပြည့်နှက် နေပြီး LG ဟာ လ မကုန်ခင် လေးတင် စက်တင်ဘာလရဲ့ ဖုန်းပါတီထဲ ၀င်ရောက် ခဲ့ပါတယ်။ LG ဟာ V10 လို့ နာမည်ပေး ထားတဲ့ ဖုန်းကို နယူးယော့စ် စီးတီးမှာ ပြုလုပ်မယ့် ပြပွဲ မတိုင်ခင် တစ်ရက် အလို မှာတင် စတင် မိတ်ဆက် လိုက်ပါတယ်။
ဒီဖုန်းဟာ LG ရဲ့ ပထမဆုံး V စီးရီးဖြစ်ပြီး ဖုန်းကိုယ်ထည်ကို ပလတ်စတစ် အစား ပိုအရည် အသွေး ကောင်းတဲ့ စတိန်းလက် စတီးနဲ့ ဆီလီကွန်တို့ နဲ့ သုံးထား ပါတယ်။
အထူးခြားဆုံး အနေနဲ့ ဖုန်းမျက်နှာပြင်မှာ စခရင်နှစ်ခု ပါဝင်လာပြီး ၅.၇ လက်မ အရွယ် QHD အဓိက ဖန်သားပြင် display ရဲ့ အပေါ်ဘက်လေးမှာ အမြဲတမ်း ပါဝါပွင့် နေမှာတဲ့ ဖန်သားပြင်လေး တစ်ခု ထပ်တိုး ပါဝင် လာပါတယ်။
အဓိကစခရင် ပါဝါ ပိတ်ထား ရင်တောင်၊ အရန် စခရင်ကနေ app တွေကို အမြန် ၀င်နိုင် တာ၊ favorite contact တွေ ကြည့်နိုင်တာ၊ Notification တွေ ယူထားနိုင် တာတွေကို လုပ်နိုင် ပါတယ်။
နောက်ထပ် ထူးခြားတာက အရှေ့ ကင်မရာနှစ်လုံး ပါဝင်လာခြင်း ဖြစ်ပါတယ်။ ကင်မရာနှစ်လုံး လုံးဟာ 5MP စီရှိပြီး ကင်မရာ တစ်လုံးက ၁၂၀ ဒီဂရီ ထောင့်ကျယ် ရိုက်နိုင်ကာ၊ နောက် တစ်လုံး ကတော့ ၈၀ ဒီဂရီရိုက်နိုင်မှာ ဖြစ်ပါတယ်။
ဒီလို ကင်မရာနှစ်လုံးကြောင့် 3D ပုံရိပ်တွေ ရိုက်နိုင်မှာ မဟုတ်ပေမယ့် V10 မှာ ဒီ lens နှစ်လုံးက တစ်ပြိုင်တည်း ရိုက်ထားတဲ့ ပုံတွေကို ပေါင်းစည်းပေးနိုင်တဲ့ ဆော့ဖ်ဝဲ ပါရှိတယ်လို့ LG က ဆိုပါတယ်။
V10 ဟာ LG G4 နဲ့ ကင်မရာ 16 MP တူတူပဲဖြစ်ပြီး ဗီဒီယို ရိုက်ကုး မှာတော့ 4K video တွေ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ဒီ့အပြင် shutter speed၊ ISO၊ white balance၊ focus နဲ့ frame rate တွေကို အသုံးပြု သူတွေ အနေနဲ့ စိတ်တိုင်းကျ ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။
LG V10 ကို တောင်ကိုရီးယားမှာ ယခုလ အတွင်း ၀ယ်ယူ ရရှိနိုင်မှာ ဖြစ်ပြီး မကြာခင်မှာ အမေရိကန် ပြည်ထောင်စု၊ တရုတ်နဲ့ တစ်ချို့ နိုင်ငံတွေမှာ ၀ယ်ယူ သွားနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အရောင် ငါးရောင် နဲ့ လာမှာဖြစ်ပြီး 64 GB storage ရှိကာ microSD ကတ်ကနေ 2TB အထိ ထပ်စိုက်လို့ ရမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကိုတော့ LG က ထုတ်ပြန် ထားခြင်း မရှိသေး ပါဘူး။
Original link - http://technology.thithtoolwin.com/2015/10/selfie-v10-lg.html

No comments: