တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, October 6, 2015

လေဖြတ်နေတဲ့ လူနာတွေက စိတ်နဲ့ ကွန်ပြူတာကို ထိန်းချုပ်ပြ




အရာဝတ္ထု ပစ္စည်းတွေကို ကျွန်တော်တို့ စိတ်ကိုပဲ အသုံးပြုပြီး ထိန်းချုပ် နိုင်မယ့် မျှော်လင့်ချက်တွေ အထမြောက်ဖို့ အတွက် တဆင့် နီးကပ် လာခဲ့ပါပြီ။

စတီဖင်ဟော့ကင်း ခံစားနေ ရတဲ့ ရောဂါလိုမျိုး ကြွက်သားများ သေးသိမ် အားနည်း လာတဲ့ Lou Gehrig ရောဂါ ခံစား နေရတဲ့ ဝေဒနာရှင်နှစ်ဦးဟာ၊ သီးခြား စမ်းသပ်မှု နှစ်ခုမှာ BrainGate နည်းပညာကို အသုံးပြုပြီး ကွန်ပြူတာ ဖန်သားပြင်ပေါ်က cursor ကာဆာကို အတွေးနဲ့ ပဲ ရွေ့ လျား ထိန်းချုပ်ပြ ခဲ့ပါတယ်။

ဝေဒနာရှင် တွေဟာ ၂၀၁၁ ခုနှစ် တုန်းက အလားတူ နည်းပညာမျိုး အသုံးပြု လုပ်ခဲ့တဲ့ စမ်းသပ်မှု တွေထက် အခု တစ်ကြိမ်မှာ နှစ်ဆ ပိုမိုမြန်ဆန်စွာ လုပ်ဆောင်နိုင် ခဲ့ပါတယ်။

BrainGate နည်းပညာဟာ ဦးနှောက် အာရုံကြောတွေရဲ့ နည်းလမ်းကို အသုံးချ၊ စိစစ်၊ ထုတ်လွှတ်၊ အာရုံခံတဲ့ နည်းပညာကို အခြေခံ ထားတာ ဖြစ်ကြောင်း ယခု စမ်းသပ်မှု ပြုလုပ် ခဲ့တဲ့ Brown တက္ကသိုလ်က သုတေသန ပညာရှင် တွေက ရှင်းလင်း ပြောကြား ခဲ့ပါတယ်။

ဦးနှောက် အတွင်းက ခန္ဓာကိုယ် ထိန်းချုပ်မှု တွေကို စေခိုင်းတဲ့ motor cortex ဦးနှောက် အပြင်လွှာမှာ အာရုံခံ ကိရိယာတွေကို တပ်ဆင်ပြီး ဦးနှောက် နျူယွန်ဆဲလ် တွေက ထုတ်လွှတ်တဲ့ signal တွေကို သေးငယ်တဲ့ လျှပ်ခေါင်း စုစုပေါင်း ၉၅ ခုက ဖမ်းယူကာ ကွန်ပြူတာဆီ signal တွေကို ပို့ ဆောင်ပြီး ဦးနှောက်က စေခိုင်းထားတဲ့ လုပ်ဆောင် လှုပ်ရှား မှုကို အဓိပ္ပါယ် ဖွင့်ဆိုပေး တာ ဖြစ်ပါတယ်။

အဆိုပါ နည်းလမ်းအားဖြင့် လူနာဟာ ကွန်ပြူတာကို ဦးနှောက်ရဲ့ အတွေးနဲ့ တင် ထိန်းချုပ်နိုင်ပြီး လက်က မောက်စ် ကို ထိန်းချုပ် စရာမလိုဘဲ ကာဆာကို ရွှေ့ နိုင်တာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်တုန်းက Cathy Hutchinson ဆိုသူ အမျိုးသမီးဟာ စိတ်နဲ့ ပဲ ရိုဘော့လက်ကို ထိန်းချုပ်ပြီး သူမရဲ့ နှုတ်ခမ်း နားဆီ ကော်ဖီဘူးကို ယူဆောင်ပြ ခဲ့တဲ့ လက်တွေ့ စမ်းသပ်မှု အပေါ် ယခု သုတေသနက အခြေခံ ဖန်တီး ထားတာ ဖြစ်ပါတယ်။

ALS ရောဂါသည် နှစ်ဦးကို ကွန်ပြုတာ ကာဆာရွေ့ခိုင်းတဲ့ စမ်းသပ်မှုဟာ ၂၀၁၁ ခုနှစ်က စမ်းသပ်မှုထက် လုပ်ဆောင်နိုင်စွမ်း နှစ်ဆ ပိုမိုမြန်ဆန် ခဲ့တာကို တွေ့ရှိ ရပါတယ်။

Original link - http://technology.thithtoolwin.com/2015/10/blog-post_6.html


No comments: