
အာဖရိက ဝေးလံ ခေါင်ဖျားတဲ့ နေရာမှာ အင်တာနက် အသုံးပြုနိုင်ဖို့ အတွက် လူမှုရေး ကွန်ရက် ဖေ့စ်ဘွတ်ခ်က ဂြိုဟ်တု လွှတ်တင် သွားမှာ ဖြစ်ပါတယ်။
ဖေ့စ်ဘွတ်ခ် တည်ထောင်သူ ဇူကာဘတ်က ၂၀၁၆ ခုနှစ်မှာ ပထမဆုံး ဂြိုဟ်တု လွှတ်တင် နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။
“ကမ္ဘာ တ၀န်း လုံးကို ဆက်သွယ်ဖို့ အတွက် ကျနော်တို့ အလုပ် လုပ်နေ ပါတယ်” လို့ ဇူကာဘတ်က ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ရေးပါတယ်။
ဒါဟာ နိုင်ငံတော်တော် များများက ဝေဖန်နေတဲ့ ဖေ့စ်ဘွတ်ရဲ့ Internet.org စီမံကိန်းရဲ့ တစိတ် တပိုင်း ဖြစ်ပါတယ်။
အထူးသဖြင့် အိန္ဒိယ ကတော့ ဒီစီမံကိန်းဟာ ဖေ့စ်ဘွတ်ခ်နဲ့ လုပ်ဖော်ကိုင်ဘက် တော်တော် များများကို အင်တာနက် ဖွံ့ဖြိုးဆဲ ဈေးကွက် တွေမှာ အသာရစေ မယ်လို့ တုံ့ပြန် ပါတယ်။
Internet.org စီမံကိန်းက အင်တာနက် မရနိုင်တဲ့ ဒေသ တွေကို တခြား နည်းလမ်းနဲ့ အင်တာနက် ရအောင် ဆောင်ရွက်ပေး နေတာ ဖြစ်ပါတယ်။
ကုမ္ပဏီတော်တော် များများက ဂြိုဟ်တု ကနေတဆင့် အင်တာနက် ရရှိအောင် လုပ်ဆောင်ပေး ပေမယ့် ဖွံ့ဖြိုးစနိုင်ငံက လူတွေ အတွက်တော့ ဈေးကြီးတဲ့ အတွက် လက်လှမ်း မမှီ ဖြစ်နေ ပါတယ်။
by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/115201

No comments: