တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, October 8, 2015

အပစ်အခတ် ဗီဒီယိုဂိမ်းတွေက ဦးနှောက် အတွက် အလွန်ကောင်းမွန်ကြောင်း သိပ္ပံပညာရှင်တွေ ထုတ်ဖော် ပြောကြား




နှစ်ပေါင်းများစွာ အငြင်းပွား စရာ တစ်ခု အဖြစ် တည်ရှိနေတဲ့ အပစ်အခတ် ဗီဒီယိုဂိမ်းတွေဟာ ဦးနှောက် အတွက် အလွန် ကောင်းမွန်ကြောင်း သုတေသန အသစ်တစ်ခု အရ သိရှိခဲ့ ရပါတယ်။

Call of Duty ,Destiny နဲ့ Halo လို အပစ်အခတ် ဂိမ်းမျိုးတွေမှာ အထူးကောင်းမွန်တဲ့ အကျိုး သက်ရောက်မှု တွေရှိနိုင်ကြောင်း အဆိုပါ လေ့လာမှုမှာ ဖော်ပြ ခဲ့ပါတယ်။

ဒီဂိမ်းတွေဟာ အခြေအနေ အပေါ်မူတည်ပြီး လျှပ်တပြက် မြန်မြန်တုံ့ ပြန်မှုတွေ လုပ်ဆောင် ရတာကြောင့် ပြင်ပလက်တွေ့ ဘ၀ရဲ့ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ စွမ်းရည်ကိုလည်း တိုးတက်စေပြီး တခြား ဥာဏ်ရည် လေ့ကျင့်ပေးတဲ့ ဂိမ်းတွေထက် ဦးနှောက်ရဲ့ အလုပ် လုပ်နိုင် စွမ်းအားကို ပိုမြှင့်တင်ပေးနိုင်တယ်လို့  သိရပါတယ်။

ယခုလေ့လာမှုကိုဦးဆောင်ခဲ့တဲ့ Dr Shawn Green က မြင်ကွင်းမှာပေါ်လာလိုက်ပျောက်လာလိုက်နဲ့  လျင်လျင်မြန်မြန်လှုပ်ရှားနေတဲ့ပစ်မှတ်တွေ ပါဝင်တဲ့ ဂိမ်းတွေဟာ အသိအမြင်စွမ်းရည်ကို ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေရှိတယ်လို့ ဆိုပါတယ်။

ဒီဂိမ်းတွေဟာ အသိအမြင်စွမ်းရည်ကို တိုးတက်အောင်လို့ သီးသန့် ရေးဆွဲထားတဲ့ ဥာဏ်ရည်ဂိမ်းတွေထက် ပိုမိုကောင်းမွန်တယ်လို့ ဆိုပါတယ်။

ဗီဒီယိုဂိမ်းတွေဟာ အသိအမြင် စွမ်းရည်ကိုသာ သက်ရောက်မှု ရှိတာမဟုတ်ဘဲ၊ လူမှုဆက်ဆံရေး လိုမျိုး တခြားအပြူ အမူပိုင်းဆိုင်ရာ တွေကိုလည်း သက်ရောက်မှုရှိကာ၊ ဒီသက်ရောက်မှု မျိုးကတော့ ဂိမ်းထဲမှာ ပါတဲ့ အကြောင်းအရာတွေ အပေါ်မူတည်ပြီး ကောင်းကျိုး ရှိနိုင်သလို ဆိုးကျိုး သက်ရောက် မှုလည်း ရှိနိုင်တယ်လို့ ဆိုပါတယ်။

သစ်ထူးလွင်(နည်းပညာ)

Original link - http://technology.thithtoolwin.com/2015/10/blog-post_7.html


No comments: