တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, October 8, 2015

Touch ID / Home ခလုတ် ခြစ်ခြစ်တောက် ပူနေကြောင်း iPhone 6s အစောဆုံး ၀ယ်ကိုင်ထားသူ တစ်ချို့  ဝေဖန်




ယခု အဖြစ်အပျက်ကို ပထမဆုံး 9to5Mac ၀က်ဘ်ဆိုဒ်က ပထမဆုံး အသိပေး ခဲ့ပြီးနောက် Apple ရဲ့ Support ဖိုရမ်တွေနဲ့ Twitter တွေမှာလည်း 6s ကိုင်သူတွေရဲ့ မကျေမနပ် တိုင်ကြားချက်တွေ ထပ်မံ ထွက်ပေါ် လာပါတယ်။

iPhone 6s ကို အစောဆုံး ၀ယ်ကိုင်သူ တစ်ချို့ က သူတို့ ရဲ့ဖုန်းက Touch ID / Home ခလုတ်ဟာ မကိုင်နိုင် လောက်အောင် ပူခြစ်တောက် နေတယ်လို့ ဆိုပါတယ်။

Apple ရဲ့ Support Communities မှာ တင်ထားတဲ့ thread တစ်ခုမှာလည်း၊ user အများအပြားဟာ အလားတူ ပြဿနာမျိုး ကြုံ တွေ့ နေရကြောင်း ဖော်ပြခဲ့ကြပါတယ်။ 6s ကိုင်သူတစ်ယောက်ဟာ သူ့ ရဲ့ ဖုန်းကို သုံးဖို့ လုပ်တဲ့ အခါ home screen ဟာ မည်းမှောင်နေပြီး Touch ID / Home ခလုတ်ဟာ ပူနေတာကို ခံစားမိတယ်လို့ ဆိုပါတယ်။

home ခလုတ်နဲ့ lock ခလုတ်ကို ၁၀ စက္ကန့် ကြာ ဖိထားပြီး ဖုန်း restart ချလိုက်ရင် ဒီပြဿနာ ပျောက်သွားတယ်လို့ သိရပါတယ်။ လူအနည်းငယ်သာ ဒီပြဿနာကို ကြုံတွေ့ ခဲ့ကြရပြီး၊ အရင်နှစ်က iPhone 6 မော်ဒယ် ဖုန်းအနည်းငယ်ဟာ သုံးစွဲသူတွေရဲ့ အိတ်ကပ်တွေ ထဲမှာ ကွေးသွားတာနဲ့ ယှဉ်ရင်တော့ မပြောပလောက်ဘူးလို့ ဆိုရမှာပါ။

9to5Mac.com ရဲ့အဆိုအရ iPhone အသစ် ကိုင်သူတွေဟာ တခြား ချို့ ယွင်းမှု bug အမျိုးမျိုး ကိုလည်း ကြုံတွေ့ နေရတယ်လို့ သိရှိရပြီး အများအားဖြင့်တော့ ဆော့ဖ်ဝဲနဲ့  ဆိုင်တဲ့ချို့ ယွင်းချက်တွေသာ ဖြစ်ပါတယ်။

3D touch နည်းပညာ ထည့်သွင်း ပြီးနောက် ၊ website link တွေကို ပုံမှန် tap လုပ်တာဟာ အရင်လို Safari မပွင့်တာမျိုး၊ ဖုန်းရဲ့ အတွင်း စပီကာ အသံအရည် အသွေး ညံ့နေတာမျိုး တွေကို ကြုံတွေ့ နေရကြောင်း user တွေက တိုင်ကြား ခဲ့ပါတယ်။

အစောဆုံး ထုတ်ထားတဲ့ ဖုန်းတွေဟာ အခုလို ပြဿနာ အသေးလေးတွေ ကြုံတွေ့ ရလေ့ရှိပြီး 5s နဲ့ 5s ဖုန်း အချို့ စထုတ်တုန်းကလည်း ဘက်ထရီ ပြဿနာလေးတွေ ကြုံတွေ့ ခဲ့ရပါတယ်။

( Ye Wint )

သစ်ထူးလွင်(နည်းပညာ)

Original link - http://technology.thithtoolwin.com/2015/10/touch-idhome-iphone-6s.html


No comments: