တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, October 18, 2015

Facebook app request များကို တားမြစ်ခြင်း




Facebook သုံးစွဲသူများ တစ်ခါ တရံမှာ Facebook game app များမှ Request ပေးပို့ခြင်းကို ကြုံရတဲ့ အခါ စိတ်အနှောင့် အယှက် ဖြစ်ကြမှာပါ။

Candy Crush တို့လို ဂိမ်းမျိုးမှ request ပေးပို့ခြင်း၊ Criminal Case game ကဲ့သို့ game များကို ကစားရန် invite ပြုလုပ်ခံရခြင်း အစရှိတဲ့ မလိုလား အပ်တဲ့ Notification တွေကို ကိုယ့်ရဲ့ Facebook ကနေ ဖယ်ရှား ချင်တယ် ဆိုရင် အောက်ဖော်ပြပါ အတိုင်း ပြုလုပ်နိုင် ပါတယ်။

Facebook မှ သူငယ်ချင်း အပေါင်း အသင်းများ app request များကို တားဆီးရန် အတွက် Facebook စာမျက်နှာရဲ့ ညာဘက်ထောင့်မှာ ရှိတဲ့ down arrow ကို နှိပ်ပြီး settings ကို ရွေးချယ် လိုက်ပါ။


နောက်ထပ် Settings စာမျက်နှာ နေရာကို ရောက်သွား ပြီဆိုရင် Blocking ဆိုတဲ့ Tab ကို ရွေးချယ်ပေး ရပါမယ်။



ပြီးသွားရင် မိမိ အကောင့်ကို Invite လုပ်လာတဲ့ Facebook Friend များကို Block Invites from ဆိုတဲ့ box နေရာမှာ Friend Name များကို ထည့်သွင်းပေး ထားရုံနဲ့ အဆိုပါ သူငယ်ချင်းမှ အမြဲ ပို့နေသည့် app request များကို block ပြုလုပ် ပေးသွားမှာ ဖြစ်ပါတယ်။



Facebook ပေါ်မှ game app တွေကို block ထားချင် သူများ အနေနဲ့ အဆိုပါ Blocking tab အောက်မှာ ရှိတဲ့ Block apps ဆိုတဲ့ Box နေရာမှာ block ချင်တဲ့ game app များကို ထည့်သွင်း ပေးထားနိုင် ပါတယ်။

Ref: CNET

internet journal By: သီဟ

Original link - http://www.internetjournal.media/how-to/4464

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments: