တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, October 18, 2015

Android ဖုန်းများတွင် ပျက်သွားသော ဓာတ်ပုံများအား ပြန်လည်ရှာဖွေခြင်း



Restore Image (Super easy)

Android ဖုန်းတွေ ထဲမှာ ရှိတဲ့ ဓာတ်ပုံတွေ ထဲက မှားယွင်း ဖျက်မိ သွားတဲ့ ဓာတ်ပုံတွေ ကိုပဲ ဖြစ်ဖြစ်၊ ကိုယ်ဖျက် မိလိုက်တဲ့ ဓာတ်ပုံတွေ ထဲက တစ်ခုခုကို ပြန်ရှာချင်တဲ့ အခါမှာပဲ အသုံးပြုနိုင်တဲ့ နည်းလမ်း ဖြစ်ပါတယ်။

ဒါဟာဆော့ဖ်ဝဲကို အသုံးပြုပြီး ပြန်လည် ရှာဖွေတဲ့ နည်းလမ်း ဖြစ်တာကြောင့် အလွယ် တကူ အသုံးပြုနိုင် တယ်လို့ ဆိုပေမယ့် ဖုန်းအတွက်တော့ လိုအပ်ချက် ရှိပါတယ်။

အဲဒါကတော့ ဒီဆော့ဖ်ဝဲကို အသုံးပြုမယ် ဆိုရင် ကိုယ့်ရဲ့ဖုန်းဟာ Root လုပ်ထားဖို့ လိုအပ်မှာ ဖြစ်ပြီး ဖုန်းမှာ Root Access ရှိမှပဲ ဆော့ဖ်ဝဲကို ကောင်းကောင်း အသုံးပြု နိုင်မှာပါ။

ဒါကြောင့် ဒီဆော့ဖ်ဝဲကို အသုံးပြုမယ် ဆိုရင် ဖုန်းကို အရင်ဆုံး Root လုပ်ထားပါ။ အသုံးပြုမယ့် ဆော့ဖ်ဝဲကတော့ Restore Image ဆိုတဲ့ ဆော့ဖ်ဝဲ ဖြစ်ပါတယ်။

ဆော့ဖ်ဝဲကိုတော့ Play Store ပေါ်မှာ အခမဲ့ ရယူ အသုံးပြု နိုင်ပါတယ်။

ဆော့ဖ်ဝဲကို ဖွင့်လိုက်ရင်တော့ ခုလိုမျိုး စတင် မြင်တွေ့ရ ပါလိမ့်မယ်။


မြင်တွေ့ရတာကတော့ ဆော့ဖ်ဝဲကို အသုံးပြုနိုင်မယ့် လမ်းညွှန်နည်းလမ်းတွေ ဖြစ်ပါတယ်။ ဒီနေရာမှာ ဆော့ဖ်ဝဲကို ဘယ်လိုအသုံးပြုရမယ်၊ ဘယ်လို လိုအပ်ချက်တွေ ရှိမယ်ဆိုတာကို ဖော်ပြထားပါတယ်။ Close ကိုနှိပ်လိုက်ရင်တော့ နောက်တစ်ဆင့်ကို ရောက်ရှိမှာဖြစ်ပြီး ခုလိုမြင်တွေ့ရပါလိမ့်မယ်။


ဒီနေရာမှာ မြင်တွေ့ရတဲ့လေး ထောင့်ကွက်နေရာလေးတွေမှာ အမှန်ခြစ်အမှတ်အသားတွေ ခြစ်ပေးခဲ့လိုက်ပါ။ ပြီးရင် Close ကို နှိပ်လိုက်ပါ။ ဒါဆိုရင်ခုလိုမျိုး မြင်တွေ့ရပါလိမ့်မယ်။


ဒါကတော့ ကိုယ့်ဖုန်းထဲမှာရှိနေတဲ့ ဓာတ်ပုံတွေကို မြင်တွေ့ရတဲ့ မြင်ကွင်းပုံစံဖြစ်ပါတယ်။ ဒီနေရာကို စတင်ရောက်ရှိချိန်မှာ ဆော့ဖ်ဝဲဟာ Search လုပ်ပြီး ရှာဖွေမှုတွေ ပြုလုပ်ပါတယ်။

Search လုပ်ပြီးရှာဖွေမှု ပြီးစီးတဲ့အခါမှာ ဆော့ဖ်ဝဲက ဖော်ပြပေးနိုင်တဲ့ ဓာတ်ပုံအားလုံးကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

ဒီလိုဖော်ပြတဲ့နေရာမှာ ဒီဆော့ဖ်ဝဲဟာ Temp ဖိုင်တွေကနေစပြီး ကိုယ့်ဖုန်းထဲမှာ ရှိသမျှဓာတ်ပုံတွေ အားလုံးအပြင် အွန်လိုင်းမှ အလိုအလျောက် ဝင်ရောက်ထားတဲ့ ဓာတ်ပုံတွေကိုလည်း ဖော်ပြပေးနိုင်ပါတယ်။

ဒီနေရာမှာ ကိုယ်လိုချင်တဲ့ ဓာတ်ပုံ Folder တစ်ခုကို ရွေးချယ်ပြီး နှိပ်လိုက်ပါ။


ဒါကတော့ ကိုယ်ရွေးချယ်လိုက်တဲ့ Folder ထဲကပုံတွေကို ပြသပေးတာ ဖြစ်ပါတယ်။ မြင်တွေ့ရတဲ့ ဓာတ်ပုံတွေထဲမှာ ကိုယ်ပျောက်ဆုံးသွားတဲ့ ဓာတ်ပုံကိုရှာဖွေပြီး ရွေးချယ်လိုက်ပါ။


အောက်ဘက်မှာ Restore Image ထဲမှာ ကိုယ်ရွေးချယ်ထားတဲ့ ဓာတ်ပုံအရေအတွက်ကို မြင်တွေ့ရပါလိမ့်မယ်။ Restore Image ကိုနှိပ်လိုက်ရင် ခုလိုမြင်ရ ပါလိမ့်မယ်။


ဒါကတော့ ကိုယ်ပြန်လည်ရယူမယ့် ဓာတ်ပုံတွေကို ဘယ်နေရာ မှာထည့်သွင်းမလဲဆိုတာကို ရွေးချယ်ပေးနိုင်တဲ့ နေရာဖြစ်ပါတယ်။

ကိုယ့်စိတ်ကြိုက် နေရာတစ်ခုကို ရွေးချယ်ပေးလိုက်ပါ။ ပြီးရင်တော့ ကိုယ်ထည့်သွင်း ရွေးချယ်ပေးလိုက်တဲ့ Folder နေရာမှာ Restore ပြုလုပ်ထားတဲ့ ဓာတ်ပုံကို ပြန်လည်သွားရောက် ရှာဖွေရယူနိုင်ပါတယ်။

အလွယ်တကူ ပြန်လည်ရှာဖွေ အသုံးပြုနိုင်တဲ့ ဆော့ဖ်ဝဲဖြစ်ပေမယ့် ဖုန်းမှာ Root မရှိဘူးဆိုရင်တော့ ဆော့ဖ်ဝဲက အသုံးပြုလို့ရနေပေမယ့် ပျောက်သွားတဲ့ ပုံတွေကို ပြန်လည်ရှာဖွေဖို့အတွက် Search ပြုလုပ်တဲ့နေရာမှာ Search ပဲပြုလုပ်သွားပြီး ပျက်သွားတဲ့ ပုံတွေကိုတော့ ပြန်လည်ဖော်ပြ ပေးနိုင်မှာတော့ မဟုတ်ပါဘူး။

ဆော့ဖ်ဝဲကနေ ပြန်လည်ရှာဖွေပြီး Restore ပြန်လည်ပြုလုပ်ပေးထားတဲ့ ဓာတ်ပုံတွေကိုလည်း ဖုန်းမှတ်ဉာဏ်ထဲမှာ Restore Image ဆိုပြီး ဆော့ဖ်ဝဲရဲ့ Folder သပ်သပ်နဲ့သိမ်းဆည်း ပေးထားနိုင်တာ တွေ့ရပါလိမ့်မယ်။

File Manager ကနေတစ်ဆင့် ပြန်လည်သွားရောက်ပြီး Folder ထဲကနေ ပြန်လည်ရယူ အသုံးပြုနိုင်ပါတယ်။

internet journal By: ကိုသက်

Original link - http://www.internetjournal.media/how-to/4358

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments: