
ကျွန်တော်တို့ အများစု မျှော်လင့် နေကြတဲ့ dislike ခလုတ် မဟုတ်တော့ ပါဘူးတဲ့။ Facebook ဟာ ဒီနေ့ ပဲ အိုင်ယာလန်နဲ့ စပိန်နိုင်ငံ တို့ မှာ ‘ Reactions’ ဆိုတဲ့ စွမ်းဆောင်ရည် အသစ်ကို စတင် စမ်းသပ်နေ ပါပြီ။
ပုံမှန် Like ခလုတ် အပြင်၊ အချစ် သင်္ကေတ၊ ပျော်ရွှင်၊ ၀မ်းနည်း၊ အံ့အားသင့်၊ ဒေါသထွက်၊ ရယ်မော စတဲ့ နောက်ထပ် Emoji မျက်နှာလေးတွေ ခြောက်ခု ပါဝင်မှာ ဖြစ်ပါတယ်။
“ ခင်ဗျားတို့ တွေ့ တဲ့ အတိုင်းပဲ၊ ဒါက dislike ခလုတ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ခင်ဗျားတို့  တောင်းဆို ထားတဲ့ လိုရင်း အနှစ် သာရကို ဒီ feature အသစ်က ပေးစွမ်းနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့် ထားပါ တယ်” လို့ Facebook ရဲ့ ထုတ်ကုန် အရာရှိမှုး Chrix Cox က ပြောကြား ခဲ့ပါတယ်။
ဒီနေ့ ကစပြီး အိုင်ယာလန်နဲ့ စပိန်တို့ မှာ သာမန် Like ခလုတ်ကို ကြာကြာ ဖိထား လိုက်တာနဲ့  Facebook ပေါ် တင်ထားတဲ့ အကြောင်းအရာ တွေကို love ၊ wow ဒါမှ မဟုတ် ကြိုက်နှစ် သက်ရာ ခံစားမှု မျိုးကို ပေးနိုင်ပြီ ဖြစ်ကြောင်း Chris Cox က ပြောကြား ခဲ့ပါတယ်။
ဒီ feature ကို သုံးဖို့ မိုဘိုင်းဖုန်းတွေ ကနေဆိုရင် Like ခလုတ်ကို ဖိထားပေးဖို့ လိုပြီး desktop မှာ ဆိုရင်တော့ မောက်စ်ကို Like နေရာပေါ်က တင်လိုက်ရင် သုံးနိုင်မှာ ဖြစ်ပါတယ်။ လောလော ဆယ်တော့ အိုင်ယာလန်နဲ့ စပိန်တို့ မှာပဲ ရပါ သေးတယ်။
Original link - http://technology.thithtoolwin.com/2015/10/facebook-like-emoji.html

No comments: