
Facebook မှာ လက်ရှိ Public post ပေါင်း 3 trillion ရှိသွားပါပြီ။ Public post ဆိုတာ user များက နေပြီးတော့ Friends only, custom အစရှိ သဖြင့် တို့နဲ့ မလုပ်ပဲ Facebook user တိုင်းမြင်ရအောင် public ဆိုတဲ့ Option နဲ့ တင်ခြင်း ဖြစ်ပါတယ်။
Facebook ရဲ့ တိုးမြင့်လိုက်တဲ့ နည်းပညာအရ ယင်း Public Post အားလုံးကို Search Box ထဲကနေ အလွယ်တကူ ရှာလို့ရနေပြီ ဖြစ်ပါတယ်။
ဒါကြောင့်မို့ Keyword တစ်ခုခု ရိုက်လိုက်တာနဲ့ မိမိ friend တွေရဲ့ Post တွေ အပြင် Facebook ပေါ်မှာ လူဖတ်များတဲ့ Post တွေကနေ စလို့ public post များ အားလုံးကို မြင်တွေ့ ရတော့မှာ ဖြစ်ပါတယ်။
ဒါကြောင့်မို့ မိမိအကောင့်မှာသာ Public option နဲ့တင်တာ များရင် လုံခြုံရေးက ကြိမ်းသေ အားနည်းချက် ဖြစ်လာပါလိမ့်မယ်။
ဒါကြောင့်မို့ privacy setting ကနေလည်း ဝင်ပြင်နိုင်သလို မိမိ Post တင်တိုင်းမှာလည်း သတိထားရမှာ ဖြစ်ပါတယ်။ Facebook ပေါ်မှာ ပြောဆို ရေးသားမှုများကို လွယ်တကူ ရှာဖွေနိုင်တဲ့ ဆော့ဖ်ဝဲ များလည်း ရှိနေပြီမို့ ဖြစ်ပါတယ်။
Ref: pocketlint
အောင်ခမ်း (MMA)
Original link - http://www.myanmarmobileapp.com/2015/10/26/facebookpost/
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |

No comments: