တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, October 26, 2015

မျက်မှန်တပ်စရာမလို တကယ့်အပြင်မှာ မြင်သလို မြင်ရမယ့် Magic leap




Google နဲ့ Qualcomm တို့ကနေပြီးတော့ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၅၄၀ အကုန်ကျခံပြီးတော့ တီထွင်ဖန်တီးတဲ့ ရုပ်ရှင် နည်းပညာ တစ်ခု အောင်မြင်သွားပါပြီ။ ရုပ်ရှင် ဆိုတဲ့အတိုင်းပဲ တကယ်အပြင်မှာ အရှင် လတ်လတ်ရှိသလိုကို မျက်မှန်တပ်စရာမလိုပဲ မြင်ရတော့မယ့် နည်းပညာ ဖြစ်ပါတယ်။ သူ့ကို Magic Leap လို့ အမည်ပေး ထားပါတယ်။

သူ့အကြောင်းမပြောခင် လက်ရှိ ရုပ်ရှင်ရုံနဲ့ ပရိုဂျက်တာများရဲ့ အလုပ်လုပ်ပုံကို ပြောပြပါရစေ။ ပရိုဂျက်တာကို ထိုးတဲ့ ရုပ်ပုံကနေ အလင်းပြန်ပြီးတော့ Angel တစ်ခုကနေ မျက်လုံးပေါ်ကို အလင်းပြန်ခြင်း ဖြစ်ပါတယ်။

ဒီတော့ ပုံရိပ်တွေ ပေါ်လာပါတယ်။ ယခု Magic Leap ကတော့ ဘယ်နံရံကိုမှ ပြန်ကန် မထွက်ပဲ မျက်စိကို တိုက်ရိုက်သွားမယ့်အလင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ Retina ကို တိုက်ရိုက်ထိတာကြောင့် တကယ့် လက်တွေ့ အပြင်လောကမှာ မြင်ရတဲ့ ခံစားချက်မျှိုးကို ဦးနှောက်သို့ ပို့ပေးပြီး အပြင်မှာ မြင်တွေ့ဖြစ်ပျက်နေတဲ့ အရာတစ်ခုလို့ ခံစားမိစေပါလိမ့်မယ်။

Microsoft က ပြုလုပ်တဲ့ Hololens ကလည်း ယင်းနဲ့အလားတူပေမယ့် သူက မျက်မှန်တပ်ရပါတယ်။ Magic leap က တပ်စရာ မလိုပါဘူး။ ကြည့်နေရင် ကြည့်နေတဲ့ လူတိုင်းရဲက မျက်စိ ကို တိုက်ရိုက်သွားပါတယ်။

ရုပ်ရှင် ရုံတွေမှာသာ အစားထိုးမယ်ဆိုရင် ပိတ်ကား မလိုတော့ ပါဘူး။ Magic Leap နဲ့ ကြည့်လို့ရမယ့် ပထမဆုံး ရုပ်ရှင်ကိုလည်း စတင်ရိုက်ကူးနေပြီ ဖြစ်ကြောင်း ဆိုပါတယ်။

နောက်တစ်ခုအနေနဲ့ ကတော့ Gaming Industry မှာ အသုံးချမှု ဖြစ်ပါတယ်။ Gaming အတွက်လည်း အသုံးချနိုင်တဲ့အပြင် လုပ်ငန်းခွင်သုံးလည်း ဖြစ်လာနိုင်တာကြောင့် သူ့ကိုသာ ဈေးသက်သက်သာသာနဲ့ တွင်တွင်ကျယ်ကျယ်သာ အသုံးပြုနိုင်ရင် လာမယ့် ၇နှစ် အတွင်း ဖန်သားပြင် ဆိုတာ ပျောက်ကွယ်လာနိုင်ချေ ရှိကြောင်းတော့ ခန့်မှန်းထားကြ ပါတယ်။

Ref: pocketlint
အောင်ခမ်း (MMA)

Original link - http://www.myanmarmobileapp.com/2015/10/26/magicleap/

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments: