တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, October 1, 2015

မိုဘိုင်း အသုံးပြုသူ များရဲ့ Facebook ပရိုဖိုင်နေရာမှာ ဗီဒီယိုဖိုင်ကို ထားရှိနိုင်တော့မည်




မိုဘိုင်း Facebook ပရိုဖိုင် စာမျက်နှာတွေ အတွက် update ထွက်ရှိလို့ လာပါပြီ။ ပိုမို ကောင်းမွန်တဲ့ ပရိုဖိုင်တွေကို ဖမ်းတီးနိုင်ပြီ ဖြစ်ပြီး privacy settings တွေကိုလည်း အရင်ထက် ပိုပြီး အလွယ်တကူ ထိန်းချုပ်နိုင် မယ်လို့ သိရပါတယ်။

Facebook ဟာ ကျွန်တော်တို့ရဲ့ ဖုန်းတွေက တဆင့် နှစ်စဉ် ကြော်ငြာခတွေ ကန်ဒေါ်လာ ၁၀ဘီလီယံ အထက်ကို ရရှိနေ တာပါ။ ဒါ့ကြောင့် မိုဘိုင်းပရိုဖိုင် သုံးစွဲမှု အတွေ့ အကြုံကို မြှင့်တင်ပေးဖို့ Facebook က ရည်ရွယ် ထားရှိခဲ့ တာပဲဖြစ် ပါတယ်။

နယူးယောက်မြို့မှာ ကျင်းပခဲ့တဲ့ ၁၂ကြိမ်မြောက် ကြော်ငြာ ရက်သတ္တပတ်မှာ update ထုတ်ပေး ခဲ့တာပါ။ ဒီပွဲမှာ Facebookက ကမ္ဘာ့ အကြီးမားဆုံး ကြော်ငြာ သူတွေနဲ့ ကုမ္ပဏီ တွေကို ရေတွက် ပါတယ်။

Features အသစ်တွေ အနေနဲ့ကတော့ Profile Picture နေရာမှာ အစားထိုးနိုင်မယ့် ဗီဒီယို ထားရှိလို့ ရလာ တာပါပဲ။ ထပ်တလဲလဲ ပတ်နေတဲ့ ဗီဒီယိုဖိုင် အသေးလေး တွေကို အသုံးပြု သူတွေက ဖန်တီး ထည့်သွင်း လာနိုင်တာပါ။ ဒီ feature ကTwitter ပိုင် video sharing app တစ်ခုဖြစ်တဲ့ Vine နဲ့ အလား သဏ္ဍာန် တူပါတယ်။

သတ်မှတ်ထားတဲ့ အချိန်ကာလ တစ်ခု ကြာတာနဲ့ နဂိုပုံဟောင်း တွေဆီ ပြန်ပြောင်း ဖော်ပြပေးမဲ့ ယာယီ profile picture ကိုလည်း သတ်မှတ်နိုင် ပါသေးတယ်။ ဥပမာ အားဖြင့် ရက်သတ္တပတ် တစ်ခု အတွင်း အားကစား အသင်း အတွက် ဒါမှမဟုတ် ပရဟိတ လုပ်ငန်း တစ်ရပ် အတွက်ကို အထောက်အပံ့ ပေးချင်သူတွေ အတွက် အသုံးတည့် မှာပါ။

Privacy settings တွေကို ထိန်းချုပ်တဲ့ နည်းလမ်းတွေလဲ ပိုလာပါတယ်။ အသုံးပြု သူတွေဟာ ဘယ်အချက် အလက်ကို public ထားမယ်၊ friends တွေပဲ ကြည့်လို့ရမယ်၊ သင်ခွင့် ပြုထားတဲ့ သူတွေကသာ ပရိုဖိုင်တွေကို ၀င်ကြည့် လို့ရမယ်၊ စသဖြင့်ပေါ့။

( Skyler )

သစ်ထူးလွင်(နည်းပညာ)

Ref:Reuters

Original link - http://technology.thithtoolwin.com/2015/10/facebook.html

No comments: