
ကမ္ဘာကြီးကို ဆုံးခန်းတိုင် စေမယ့် ဇီဝဗေဒ ဆိုင်ရာ ပျက်စီးမှုတွေ ကို ရင်ဆိုင်ရတဲ့ အခါ သင့်မှာ ထွက်ပြေး လွတ်မြောက်နိုင်ဖို့ အတွက် ကားအကောင်းစား တစ်စီး လိုအပ် ပါလိမ့်မယ်။ အဲဒီလို ထွက်ပြေး လွတ်မြောက်နိုင်မယ့် ကားမျိုးကို ဘီလျံနာ တစ်ယောက်ဖြစ်တဲ့ Elon Musk က သယ်ဆောင် လာပါပြီ။
ကမ္ဘာကျော် ကားကုမ္မဏီ Tesla ရဲ့ Model X ဆိုတဲ့ လျှပ်စစ်ကား တစ်စီး ကို မိတ်ဆက် ပြသတဲ့ ပွဲမှာ Tesla ရဲ့ အမှုဆောင် အရာရှိချုပ် တစ်ယောက် ဖြစ်တဲ့ Elon Musk က ထိုကားရဲ့ ထူးခြားချက်ဟာ အဏုဇီဝ လက်နက်တွေကို ခုခံနိုင်တဲ့ စနစ် ပါဝင်တယ် ဆိုတာကို ထုတ်ဖော် ပြောကြား ခဲ့ပါတယ်။
"အကယ်၍ ကမ္ဘာကြီး ပျက်စီးတဲ့ အကြောင်း တစ်စုံတစ်ရာ ရှိလာရင် သင်ဟာ Bioweapon defence mode ဆိုတဲ့ ခလုတ် ကို နှိပ်လိုက် ရုံပါပဲ။ ကျွန်တော် တို့ဟာ ကမ္ဘာပျက်စီးမှု ကာကွယ်ရေး မှာ ဦးဆောင်သူတွေ ဖြစ်နိုင်အောင် ကြိုးစားနေတာပါ " လို့ ထို ကားသစ် မိတ်ဆက်ပွဲ အခမ်းအနားမှာ Elon Musk က ဆိုပါတယ်။
ထို ခလုတ်ရဲ့ လုပ်ဆောင်ချက် ကတော့ ကားအတွင်းမှာ တည်ဆောက် ထားတဲ့ လေထု စစ်ထုတ်ရေး ကိရိယာကို ပမာဏ တစ်ခု ရောက်အောင် လုပ်ဆောင် စေတာပဲ ဖြစ်တဲ့ အတွက် ဘက်တီးရီးယား ကဲ့သို့ သော ဇီဝ အန္တရာယ် တွေက ၀င်ရောက်ခြင်းကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
Tesla ကုမ္မဏီ ရဲ့ သတင်း ထုတ်ပြန်ချက် အရတော့ ထို လေထု စစ်ထုတ် ကိရိယာဟာ သာမန် ကားတွေမှာ တွေ့ရတာထက် ၁၀ ဆ ပိုမိုကြီးမား တယ်လို့ သိရပါတယ်။ ကုမ္မဏီက အခိုင်အမာ ဆိုတာကတော့ Model X လျှပ်စစ်ကားဟာ အခြားကား တွေထက် ဘက်တီးရီးယားတွေ စစ်ထုတ်ရာမှာ အဆ ၃၀၀ ပိုမိုကောင်းမွန်ပြီး ၊ လူကို ယားယံစေတဲ့ အရာတွေကို အဆ ၅၀၀ ၊ မီးခိုးငွေ့နဲ့ နှင်းမှုန်တွေကို အဆ ၇၀၀ နဲ့ ဗိုင်းရပ်စ် ပိုးတွေကို အဆ ၈၀၀ ပိုမိုကောင်းမွန်စွာ ကာကွယ် စစ်ထုတ်ပေးနိုင်စွမ်း ရှိတယ် ဆိုတာပါပဲ။
( Mario )
သစ်ထူးလွင်(နည်းပညာ)
Ref : Mirror
Original link - http://technology.thithtoolwin.com/2015/10/tesla.html

No comments: