တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, October 16, 2015

Facebook မှာ အပိုတွေ လုပ်ပြနေသူ ၇၅ရာခိုင်နှုန်းရှိ




Facebook ပေါ်မှာ ခင်ဗျား သူငယ်ချင်း တွေရဲ့ ဘဝက ခင်ဗျား ဘဝ ထက်ကို ပိုရင်ခုန် စိတ်လှုပ်ရှားဖွယ် ကောင်း တယ်လို့ ထင်ကောင်း ထင်ရနိုင် ပါတယ်။ ဒါပေမဲ့ သူတို့က အတု အယောင်တွေ လုပ်နေ တာကြောင့် အဲဒီ့လိုတွေ ထင်နေရတာ လို့ သုတေသနသစ် တစ်ရပ်က ဖော်ပြ ပါတယ်။

လက်တွေ့ ဘဝထက်ကို ပိုပြီး ရင်ခုန် စိတ်လှုပ်ရှားဖွယ် ကောင်းတဲ့ ဓာတ်ပုံတွေကို လူမှု ကွန်ရက်ပေါ်မှာ တင်တဲ့သူ အရေ အတွက်ဟာ သုံးပုံ နှစ်ပုံခန့် ရှိကြောင်း မကြာသေး မှီက လေ့လာ စမ်းစစ်ချက် အရ သိရ ပါတယ်။ လေးပုံ သုံးပုံသော သူတွေ ကတော့ ကိုယ်နဲ့ သက်တူ ရွယ်တူ တွေကို Instagram, Snapchat ဒါမှမဟုတ် Facebook ပေါ်က ဓာတ်ပုံတွေကို ကြည့်ပြီးတော့ပဲ ဆုံးဖြတ် ကြတယ်လို့ ဆိုပါတယ်။

HTC ကနေ ပြုလုပ်ခဲ့တဲ့ ဗြိတိန်နိုင်ငံ စစ်တမ်းအရ၊ ကိုယ်ပိုင် Facebook Page ပေါ်မှာ ကိုယ့်ရဲ့ ဘဝက ရင်ခုန် စိတ်လှုပ်ရှားဖွယ် ပိုဖြစ်လာအောင် ဓာတ်ပုံထဲမှာ သူများ ပစ္စည်းတွေကို ထည့်ရိုက် တတ်တဲ့သူ ၆ ရာခိုင်းနှုန်း ရှိတာ ကိုလည်း သိရပါတယ်။

သူတို့ တင်ခဲ့တဲ့ ဓာတ်ပုံတွေနဲ့ နေရာတွေဟာ သူငယ်ချင်းတွေ၊ မိသားစုတွေကြား မနာလို ဖြစ်အောင် တကယ်တမ်း ရည်ရွယ်ပြီး လုပ်ခဲ့ တာပါလို့ စစ်တမ်းကောက်ယူ ခဲ့တဲ့ သူတစ်ဝက်ကျော်က ဖြေခဲ့ ပါတယ်။

လူမှုကွန်ရက် မီဒီယာတွေ ခေတ်စားလာတဲ့ အချိန်မှာ ဒီဓလေ့က မဆန်းတော့ ပါဘူးလို့တော့ အပြုအမူ ဆိုင်ရာ စိတ်ပညာရှင် Jo Hemmings ကပြောခဲ့ ပါတယ်။

‘ကျွန်မတို့က တမုဟုတ်ချင်း ဆက်သွယ်နိုင်တဲ့ ကမ္ဘာကြီးထဲမှာ နေထိုင်နေတာ။ ဖက်ရှင်နဲ့ စတိုင်တွေက အရင်ကဆို မဂ္ဂဇင်းထဲမှာ ဘဲရှိတယ်။ ခုကျတော့ လူတွေက အစစ် အမှန်တွေ မဟုတ်ြ ကတော့ဘူး၊ အချင်းချင်း အကြံပေး တာတွေလည်း ပါတယ်။ လူမှုကွန်ရက်ကို မဂ္ဂဇင်းတွေ၊ သတင်းစာတွေနဲ့ တန်းလိုက် ညှိနေတာမျိုး ကလည်း မမှန်ကန်ဘူး။” လို့ Jo Hemmings ကထောက်ပြခဲ့ပါတယ်။

Original link - http://technology.thithtoolwin.com/2015/10/facebook_16.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments: