တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, October 3, 2015

လေထုထဲက ကြိမ်နှုန်းတွေ အသုံးပြုပြီး ဖုန်းတွေကို ကြိုးမဲ့ အားသွင်းပေးနိုင်မယ့် Freevolt နည်းပညာ




မဝေးတော့နဲ့ အနာဂတ်မှာ၊ အိမ်က အားသွင်း တုံးကို လွှင့်ပစ်ပြီး သင့်ရဲ့ ဖုန်း၊ တက်ဘလက် တွေကို လေထုထဲက စွမ်းအင်နဲ့ အားဖြည့် ပေးနိုင်ပါပြီ။

အင်ဂျင်နီယာ ပညာရှင် တွေဟာ ရေဒီယိုကြိမ်နှုန်း (RF) စွမ်းအင်ကို သင်ဝတ်ဆင်၊ အသုံးပြုနေတဲ့ နည်းပညာ ပစ္စည်းတွေကို အားသွင်းနိုင်မယ့် စွမ်းအင် ပြောင်းလဲနိုင်တဲ့ နည်းပညာကို တီထွင် လိုက်ပါတယ်။

Freevolt ဟာ TV၊ Wi-Fi နဲ့ မိုဘိုင်း ဆက်သွယ်မှု ကွန်ရက် တွေက ထွက်ရှိတဲ့ signal တွေထဲက ကြိမ်နှုန်းကို လျှပ်စစ် စွမ်းအင် အဖြစ် ပြောင်းလဲပြီး မိုဘိုင်းဖုန်းနဲ့ တခြား အသေးစား အီလက် ထရောနစ် ပစ္စည်း တွေက ဒီ လျှပ်စစ် စွမ်းအင်ကို ရယူနိုင်မှာ ဖြစ်ပါတယ်။

Freevolt ကို လန်ဒန် အခြေစိုက် Drayson Technologies ရဲ့ အကြီးကဲ Lord Paul Drayson က Imperial College London ရဲ့ အကူအညီနဲ့ အတူ တီထွင်နိုင် ခဲ့တာ ဖြစ်ပါတယ်။

ကုမ္ပဏီတွေဟာ Wi-Fi ၊ ဆဲလ်ဖုန်းနဲ့ ရုပ်သံ ထုတ်လွှင့်မှု ကွန်ရက်တွေ ကနေ စွမ်းအင် ထုတ်ယူဖို့ အတွက် နှစ်ပေါင်းများစွာ လေ့လာ ကြိုးပမ်းနေ ခဲ့ကြတယ်လို့ Lord Drayson က ဆိုပါတယ်။

ဒါပေမယ့် ဒီလို နည်းလမ်းကနေ ရတဲ့ စွမ်းအင်ဟာ ပမာဏ အလွန်နည်းပါးပြီး လုံလုံ လောက်လောက် သုံးစွဲနိုင်မယ့် စွမ်းအင် အဖြစ် ပြောင်းလဲနိုင်ဖို့ က အခု အချိန်ထိ ပြဿနာ တစ်ရပ် အနေနဲ့ ရှိနေ တယ်လို့ သူက ဆိုပါတယ်။

Freevolt က တော့ ဒီလို သေးငယ်တဲ့ RF signal ကနေ အသုံးပြုနိုင်တဲ့ စွမ်းအင်ကို ထုတ်ယူနိုင်မယ့် နည်းလမ်းကို တွေ့ ရှိပြီး ဖြစ်တယ်လို့ ထပ်မံ ပြောကြား ခဲ့ပါတယ်။

Freevolt ရဲ့ လုပ်ဆောင် ချက်ဟာ ရေဒီယို ကြိမ်နှုန်းကို အင်တာနာက တဆင့် ဖမ်းယူပြီး စွမ်းအင်ပြောင်းလဲ ပတ်လမ်းကြောင်းထဲ ၀င်ရောက်စေကာ အဆိုပါ ကြိမ်နှုန်းတွေကို DC တိုက်ရိုက် လျှပ်စီးကြောင်း အဖြစ် ပြောင်းလဲပေး တာဖြစ် ပါတယ်။ ထို့ နောက်မှာတော့ DC လျှပ်စီးကြောင်းကို ပါဝါ ထိန်းချုပ် မော်ဂျူးထဲ မှာ ဗို့ အားကို ထပ်မြှင့် တင်ကာ ဘက်ထရီ ဖြည့်တဲ့ နေရာမှာ သုံးနိုင်မယ့် ဗို့ အား အဖြစ် ပြောင်းလဲ ပေးတာ ဖြစ်ပါတယ်။

ဒီနည်းပညာကို wearable ပစ္စည်းတွေ၊ အာရုံခံ ကိရိယာတွေ၊ လေကြောင်း ထိန်းသိမ်းရေး ရေဒီယို အချက်ပြ စက်တွေမှာ တပ်ဆင်နိုင်မှာ ဖြစ်သလို၊ ကြီးမားတဲ့ အဆောက်အဦး တွေမှာလည်း တပ်ဆင် အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ယခုနည်းပညာ အသုံးပြုထားတဲ့ ပထမဆုံး ဈေးကွက်ဝင် ပစ္စည်းကတော့ CleanSpace Tag လေထု ညစ်ညမ်းမှု တိုင်းတာ စက်ပဲ ဖြစ်ပါတယ်။ ဒီနည်းပညာကို အသုံးပြု ထားတဲ့ CleanSpace Tag sensor ဟာ အားသွင်းဖို့ ဘယ်တော့မှ မလိုဘူးလို့ သိရပါတယ်။

Original link - http://technology.thithtoolwin.com/2015/10/freevolt.html

No comments: