တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, October 3, 2015

Google မှ ထုတ်လုပ်လိုက်တဲ့ Tablet အသစ်




ပြီးခဲ့တဲ့ အင်္ဂါနေ့က ကျင်းပပြုလုပ် ခဲ့တဲ့ Google ရဲ့ ပစ္စည်း အသစ် မိတ်ဆက် ပြသပွဲမှာ Google Chrome Book အဖွဲ့ အနေနဲ့ Android OS အသုံးပြု ထားတဲ့ Tablet တစ်မျိုးကို မိတ်ဆက် ခဲ့ပါတယ်။

နာမည်ကိုတော့ Pixel C လို့ ခေါ်ပြီး စမတ်ကျကျနဲ့ ပေါ့ပေါ့ ပါးပါး အသုံးပြု လိုသူများ အတွက် ရည်ရွယ် ထုတ်လုပ် ထားတာ ဖြစ်ပါတယ်။

Pixle C Tablet ရဲ့ ထူးခြားချက် ကတော့ Touch Screen ကို အသုံးပြု ထားတဲ့ အပြင် Keyboard နဲ့ တွဲဖက် အသုံးပြုနိုင်ခြင်း ဖြစ်ပါတယ်။

ဈေးနှုန်းအနေနဲ့ ကတော့ 32 GB အတွက် ဒေါ်လာ ၄၉၉ နဲ့ 64GB အတွက် ဒေါ်လာ ၅၉၉ ဖြင့် ရောင်းချ ပေးသွားမှာ ဖြစ်တဲ့ အပြင် Keyboard ကိုပါ တွဲဖက် အသုံးပြု ချင်ရင်တော့ Keyboard အတွက် ဒေါ်လာ ၁၄၉ ထပ်ပေး ရမှာ ဖြစ်ပါတယ်။

Google Pixel C ရဲ့ အလေးချိန်ဟာ ၁ ပေါင် သာသာ ရှိပြီး Keyboard နဲ့ ပေါင်းစပ် လိုက်ရင်တော့ အလေး ချိန်ဟာ ၂ ပေါင် သာသာ ပဲရှိပါတယ်။ တကယ်လို့ Keyboard ကိုပါ ဝယ်ယူ ခဲ့မယ် ဆိုရင် Keyboard အား Tablet Cover အဖြစ် အသုံးပြုနိုင် ပါသေးတယ်။

Keyboard ကို အသုံးပြုတဲ့ အခါ အဆင်ပြေစေဖို့ အတွက် Keyboard ရဲ့ ထိတ်နားမှာ သံလိုက်ကို တွဲဖက် ထည့်သွင်းပေး ထားပါတယ်။ သံလိုက်ကို အသုံးပြုပြီး Tablet အား အလွယ် တကူ ထောင်ကာ အသုံးပြုနိုင် ပါတယ်။

ဒါပေမဲ့ Keyboard မှာ Window နဲ့ တွဲဖက် အသုံးပြုကြတဲ့ Keyboard တွေ လိုမျိုး Trackpad (Mouse Pad) တော့ မပါဝင် ပါဘူး။ Pixel C ဟာ Android OS ကို အသုံးပြု ထားတာဖြစ်ပြီး Touch Screen အသုံးပြု ထားတဲ့ Tablet ဖြစ်တာကြောင့် Keyboard တောင် မလိုအပ်ပါဘူး။

ဒါပေမဲ့လည်း Tablet တစ်လုံးကို ကွန်ပျူတာ တစ်လုံး သဖွယ် စမတ် ကျကျ အသုံးပြုချင်တဲ့ လူတွေ အတွက်တော့ Wireless Mouse ကို Bluetooth နဲ့ ချိတ်ဆက်ကာ အသုံးပြုနိုင် ပါတယ်။

Tablet ကို စွဲမက်စွာ အသုံးပြု သူများ အတွက် Google Pixel C ဟာ NVIDIA X1 quad-core processor ကို အသုံးပြု ထားပြီး Maxwell GPU နဲ့ RAM ကို 3GB အသုံးပြု ထားတဲ့ အတွက်ကြောင့် Performance ပိုင်းမှာတော့ ပြောနေစရာ မရှိအောင် သွက်လက် လွန်းလှပါတယ်။

Internet အတွက် Wi-Fi network ကို ထောက်ပံ့ပေး ထားပါတယ်။ Storage ကို 32 GB နဲ့ 64 GB ဆိုပြီး နှစ်မျိုး ထုတ်လုပ် ထားပါတယ်။

Ref : Mashable

Aung Ko Htet (MMA)

Original link - http://www.myanmarmobileapp.com

No comments: