
စမတ်ဖုန်း ထုတ်လုပ်သည့် နာမည်ကြီး ကုမ္ပဏီတွေ ထဲမှာ တစ်ခု အပါအ၀င် ဖြစ်သည့် Gionee သည် သက်တမ်း အားဖြင့် ၁၃ နှစ်ကျော် ခဲ့ပြီ ဖြစ်ပါတယ်။ အခုအခါ Customer များအားလည်း ကျေးဇူး တုံ့ပြန်သော အစီအစဉ်များ ကို ဆောင်ရွက်ပေး ထားပါတယ်။
Gionee ရဲ့ဟန်းဆက်များ ကိုဈေးနှုန်းများ လျှော့ချ ၍ရောင်းချပေးထားပါတယ်။ ထိုကဲ့သို့သော အစီအစဉ်ဟာ သုံးစွဲသူများအတွက်အဆင်ပြေလှပါတယ်။ တန်ဖိုးမြင့်စွာ ရောင်းချနေသော ဟန်းဆက်များထက် ဈေးနှုန်းလျှော့ချ၍ ရောင်းပေးနေသည့် ဟန်းဆက်များ ကို ၀ယ်ယူနိုင်သောကြောင့် ဖြစ်ပါတယ်။
Gionee ရဲ့ အမြင့်စားဟန်းဆက် တစ်လုံးဖြစ်သည့် E7 သည်အခုအခါတွင် ၂၆၀၀၀၀ ၀န်းကျင်သာရှိပါတယ်။ ထိုဟန်းဆက်ထက် မျိုးဆက်တစ်ဆင့်နိမ့်သည့် E6 ကတော့ နဂိုရောင်းဈေး မှာ ၃၃၅၀၀၀ ၀န်းကျင်ဖြစ်ပြီး၊ အခုအခါတွင် ၂၂၀၀၀၀ ၀န်းကျင်ဈေး ရှိပါ တယ်။
E6 ရဲ့ အရွယ်အစားပမာဏကတော့ 142.5x69.4 x 7.9mm ဖြစ်ပါတယ်။ IPS LCD capacitive touchscreen ဟာ 5 inches အကျယ်အ၀န်း ရှိပါ တယ်။ မြင်ကွင်းစွမ်းရည် အတွက် ထောက်ပံ့ပေး ထားသည့် Pixels ပမာဏ ကတော့ 1080 x 1920 ဖြစ်ပါတယ်။
တစ်လက်မမှာရှိမယ့် Pixel ပမာဏ သိပ်သည်းဆကတော့ 441 ppi ပါ။ ဖုန်းမျက်နှာပြင်ကို Gorilla Glass 3 ဖုံးအုပ် ပေးထားပါသေးတယ်။ ထည့်သွင်းပေးထားသည့် ကင်မရာနှစ်မျိုး စလုံးသည် အရည်အသွေးကောင်းမွန်ပါတယ်။
အဓိကကင်မရာဟာ 13MP စွမ်းရည်ရှိပြီး၊ ရှေ့ကင်မရာငယ်ကတော့ 5MP စွမ်းရည်ဖြစ်ပါတယ်။
မှတ် ဥာဏ်ပမာဏ အပိုင်းတွင် RAM ကို 2GB ထည့်သွင်းပေးထားပြီး၊ Internal storage အနေ ဖြင့် 32GB ပါရှိပါမယ်။ SDကတ်စိုက်ပြီး မှတ်ဥာဏ်ပမာဏ ကိုထပ်မံတိုးချဲ့ လို့တော့ ရမှာမဟုတ်ပါဘူး။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီအမျိုးအစား ကတော့ Li-Ion 2000 mAh ၀န်းကျင်ဖြစ်ပါတယ်။
specification
Network - GSM/HSPA Screen - 5 inches Memory - 32 GB Bluetooth - v4.0 CPU - Quad Core 1.5GHz OS - Android OS,v4.2 Contact - 09-31389999
Original link - https://www.facebook.com/officialmobileguidejournal

No comments: