တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, October 14, 2015

အူရီဒူးမြန်မာမှ မကြာခင်က တိုးမြှင့်လိုက်သော Internet Package နှုန်းထားများ ပြန်လည်လျှော့ချ




အူရီဒူးမြန်မာအနေဖြင့် မကြာသေးမီရက်ပိုင်းအတွင်းဈေးနှုန်းတိုးမြှင့် သတ်မှတ်လိုက်သည့် အင်တာနက် ပက်ကေ့ နှုန်းထားများကို ပြန်လည် လျှော့ချသတ်မှတ်လိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ပါ သည်။

ဈေးနှုန်း ချိုသာစွာဖြင့် အင်တာနက်အသုံးပြုနိုင်မည့် အစီအစဉ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ (၉)ရက်မှစ၍ ယခင်အူရီဒူးဆင်းကတ် သုံးစွဲသူများသာမက အသစ်ထပ်မံအသုံးပြုမည့်သူများပါ အသုံးပြုနိုင်မည်ဖြစ်သည်။ဈေးနှုန်း ချိုသာသည့် အင်တာနက်အစီအစဉ်သစ်တွင် နေ့စဉ်သုံးအစီအစဉ် (၁)ခုနှင့် လစဉ်သုံးအစီအစဉ် (၄)ခုဟူ၍ စုစုပေါင်း ၅ ခုရှိမည်ဖြစ်သည်။

နေ့စဉ်သုံး 70 MB အတွက် ၃၉၀ ကျပ်၊ လစဉ်သုံးအနေဖြင့် 550 MB အတွက် ၂၈၀၀ ကျပ် နှုန်း၊ 1.35 GB အတွက် ၆၅၀၀ ကျပ်နှုန်း၊ 2.5 GB အတွက် ၁၁၅၀၀ ကျပ် နှုန်းနှင့် 5.5 GB အတွက် ၂၅၀၀၀ ကျပ်စသည် ဖြင့် ရွေးချယ်ဝယ်ယူနိုင်ရန် စီစဉ်ပေးထားပါသည်။

နေ့စဉ်သုံးအတွက် ၀ယ်ယူသုံးစွဲမည်ဆိုပါက 2238 သို့ 70 MB ဟု SMS မက်ဆေ့ခ်ျပို့၍ဖြစ်စေ၊ *5001# ကို ဖုန်းခေါ်ဆို၍ဖြစ်စေ ၀ယ်ယူနိုင်ပြီး လစဉ်သုံး 550 MB အတွက် 2238 သို့ 550MB ဟု SMS ပို့၍ သို့မဟုတ် *5002# ကိုခေါ်ဆို၍ဖြစ်စေ၊ 1.35 GB ၀ယ် ယူလိုပါက 2238 ထံသို့ 1.35 GB ဟု SMS ပို့၍ သို့မဟုတ် *5003# ကိုခေါ်ဆို၍ဖြစ်စေ၊ 2.5 GB ပလန်ကို ရယူလိုပါက 2238 ထံ 2.5 GB ဟု SMS ပို့၍ သို့မဟုတ် *5004# ကိုခေါ်ဆို၍ဖြစ်စေ၊ 5.5 GB ၀ယ်ယူသုံးစွဲမည်ဆို ပါက 2238 သို့ 5.5GB ဟု SMS ပို့၍ သို့မဟုတ် *5005# သို့လည်းကောင်း ခေါ်ဆိုနိုင်မည် ဖြစ်သည်။

အူရီဒူးမြန်မာမှ တာဝါတိုင်များ၊ အထပ်မြင့်များပေါ်တွင် တပ်ဆင်သော စက်ပစ္စည်းကိရိယာများ၊ ဖိုင်ဘာ လိုင်းများ၊ ကွန်ရက်ထောက်ကူပြုရေဒီယို စက်ပစ္စည်းများစသည်ဖြင့် မိုဘိုင်းဆက်သွယ်ရေး နည်းပညာနှင့် ဆိုင်သောအခြေခံအဆောက်အအုံများအတွက်အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံ အကုန်အကျခံထား ပြီးဖြစ်သည့် အတွက် ယခုအချိန်တွင် တာဝါတိုင် ၂၅၀၀ ကျော်တည်ဆောက် ပြီးနောက် မြန်မာနိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကို 3G ကွန်ရက်ဖြင့် လွှမ်းခြုံထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

ယခုပြောင်းလဲ လိုက် သည့် ဈေးနှုန်းသစ်မတိုင်ခင်က ရက် ၃၀ အသုံးပြုခွင့်ရှိသော 500 MB ပလန်ကိုလည်း ဖျက်လိုက်ပြီး ယခင် 1GB လျှင် ကျပ် ၆၉၀၀ အစား ကျပ် ၈၀၀၀ အဖြစ် ပြောင်းလဲကောက်ခံခဲ့ခြင်းဖြစ်သည်။

ရဲလင်းလင်းသန်း
Mobile Guide Journal (Every Monday)

Original link - https://www.facebook.com/officialmobileguidejournal




  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။

No comments: