တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, October 16, 2015

HTC A9 ဓာတ်ပုံများ တရားဝင် မတော်တဆ ထွက်ရှိခဲ့




ပြင်သစ်နိုင်ငံမှာ ရှိတဲ့ Orange mobile ဟာ ဆိုရင် ၎င်းတို့ ကနေပြီးတော့ HTC ဖြင့် သဘော တူညီချက် ရရှိလို့ ထပ်ဆင့် ရောင်းချမယ့် HTC A9 ဓာတ်ပုံကို မတတော် တဆ အွန်လိုင်းပေါ် တင်ဖြစ် ခဲ့ပါတယ်။

တင်တုန်းကတော့ အတည် တင်ခြင်းဖြစ်ပေမယ့် အထက်က သဘော တူညီချက် မရပဲ တင်လို့ လားတော့ မသိ မိနစ်ပိုင်း အတွင် ပြန်ဖျက်ခဲ့ ပါတယ်။ ဒါပေမယ့် အင်တာနက်ပေါ် ရောက်ပြီး ဖြစ်တာကြောင့် ဓာတ်ပုံများကို သတင်း မီဒီယာ အချို့က ရယူ လိုက်နိုင် ပါတယ်။

ပုံမှာ မြင်တွေ့နေရတဲ့ ပုံစံပဲ ဖြစ်ပါတယ်။ ဒီဇိုင်းအားဖြင့် အရင် HTC One စီရီးထပ် သိသိသာသာ ကွဲထွက်သွားပါတယ်။ ဒါပေမယ့် ဘေးအနား အချိုး အကွေ့ ပုံစံများကတော့ iPhone နဲ့ တကယ်ပဲ တူနေသလားဆိုတာ စဉ်းစားစရာပါ။

သူကလည်း အလူမီနီယမ် ကိုယ်ထည် စမတ်ဖုန်းပဲ ဖြစ်ပါတယ်။ ကင်မရာ 13 Megapixel ပါဝင်ပြီး ရှေ့ကင်မရာကလည်း 4 Megapixel ပါဝင် ပါတယ်။ HTC ကတော့ ကင်မရာ ကောင်းတဲ့ စမတ်ဖုန်း ထဲမှာ ပါဝင် ပါတယ်။ ၅လက်မ 1080p resolution ရှိတဲ့ ဖန်သားပြင်ကို အသုံးပြုထားပါတယ်။

ဈေးနှုန်းပါ တစ်ခါတည်း တင်ပေးလိုက်ခြင်း ဖြစ်တာကြောင့် သူ့ဈေးကိုပါ သိနေပါတယ်။ အမေရိကန်ဒေါ်လာနဲ့ တွက်ရင် ကန်ဒေါ်လာ ၆၈၅ ဒေါ်လာ ဝန်းကျင် ရှိပါတယ်။ ကျန်တဲ့အချက်အလက်များကိုတော့ HTC ကနေ တရားဝင် ကြေညာမှ သိရမှာ ဖြစ်ပါတယ်။

Ref: pocketlint
အောင်ခမ်း (MMA)

Original link - www.myanmarmobileapp.com/

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments: