
ဘာလင်မြို့ Max-Schmeling-HalleမှာHuawei ရဲ့ Mate series စမတ်ဖုန်းသစ် Huawei Mate S ကို မိတ်ဆက် ပြသ လိုက်ပါတယ်။
Huawei Mate ဟာ 2.5D ဖောင်းကြွ မျက်နှာပြင် ဖန်တီး ထားပြီး မျက်နှာပြင် ၅ လက်မခွဲ၊ အထူ ၇ ဒသမ ၂ လက်မ ရှိပါတယ်။ မျှတတဲ့ အလေးချိန်နဲ့ ကိုင်ဆောင်ရ လွယ်ကူစေဖို့ ဒီဇိုင်း ပြုလုပ် ထားတာမို့ အလွယ်တကူ ပြုတ်ကျခြင်း ကနေ ကာကွယ်နိုင်မှာပါ။
AMOLED မျက်နှာပြင်က Huawei Mate S ကို ပြည့်စုံတဲ့ မျက်နှာပြင် ဖြစ်အောင် ဖန်တီးပေး ထားပါတယ်။
ဒုတိယမျိုးဆက် Fingerprint 2.0 ကို တပ်ဆင်ပေး ထားပြီး အဆင့်မြင့် လုံခြုံရေးနဲ့ တချက်ထိရုံနဲ့ အလွယ်တကူ ဖွင့်နိုင်တဲ့ နည်းပညာကို ထည့်သွင်း ထားပါတယ်။
ဒါ့အပြင် P8 မှာ မိတ်ဆက် ခဲ့တဲ့ Knuckle Control 2.0 ထပ်မံ ပါဝင်လာမှာ ဖြစ်ပါတယ်။ Knuckle Control ဆိုတာ လက်ဆစ်နဲ့ Crop ပြုလုပ်နိုင်ပြီ်း လက်ဆစ်နှစ်ချက် ခေါက်ရုံနဲ့ Screen Shot ရိုက်ကူးနိုင်ခြင်းကို ဆိုလို တာပါ။ RGBW sensor ပါဝင်တဲ့ 13MP အနောက် ကင်မရာ ကိုတပ်ဆင် ပေးထားပြီး Dual color-temp LED ဖလက်ရှ်ပါ ပါဝင်တဲ့ အတွက် လှပတဲ့ ဓာတ်ပုံတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။
“ကျနော်တို့ Huawei Mate S ကို ထုတ်လုပ် ရတဲ့ ရည်ရွယ်ချက် ကတော့ ပုံမှန် စမတ်ဖုန်း တလုံးထက် သာလွန်ပြီး ကိုင်ဆောင်သူနဲ့ တသားတည်း ကျနိုင်အောင် လို့ပါ။ Huawei Mate S ဟာ လူသားတွေရဲ့ အပြန်အလှန် လုပ်ဆောင်ချက်ကို အခြေခံပြီး ထုတ်လုပ် ထားတာပါ။ Mate S က ပုံမှန် လုပ်ဆောင်ချက် တွေကို ထိုးဖောက်ပြီး လူသားနဲ့ စမတ်ဖုန်း အပြန်အလှန် လုပ်ဆောင် ချက်တို့ကို ဦးဆောင် ဖန်တီးနိုင် ခဲ့တာ ဖြစ်ပါတယ်”လို့ Huawei Consumer BG &JU CEOရဲ့ CEO ဖြစ်သူ Richard Yu က ပြောကြား ခဲ့ပါတယ်။
Huawei ဟာ ၂၀၁၄ ခုနှစ်မှာ တကမ္ဘာလုံးကို စမတ်ဖုန်း တင်ပို့မှု အများဆုံး တတိယ နေရာမှာ ရပ်တည်နိုင် ခဲ့ပါတယ်။
ထက်ဦးဝေ
The Irrawaddy's Blog by thae thae
Original link - http://blog.irrawaddy.org/2015/10/huawei-mate-s.html
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |

No comments: