တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, October 9, 2015

ကမ္ဘာပေါ်ရှိ iDevice စုစုပေါင်း၏ ၅၇ ရာခိုင်နှုန်းတွင် iOS 9 အသုံးပြုနေ




စက်တင်ဘာ လကုန် ပိုင်းတွင် iOS 9 ကို စတင် Update ပေးခဲ့ပြီး ၂၄ နာရီ အတွင်း တွင်ပင် iOS 9 သို့ update ပြုလုပ် ခဲ့ကြသည့် iDevice အရေ တွက်မှာ ကမ္ဘာပေါ်တွင် အသုံးပြု နေကြသော iDevice စုစုပေါင်း၏ ၁၂ ရာခိုင်နှုန်းထိ ရှိခဲ့သည်။

အောက်တိုဘာလ ၅ ရက်နေ့တွင်မူ ကမ္ဘာပေါ်ရှိ iDevice စုစုပေါင်း၏ ၅၇ ရာခိုင်နှုန်းတွင် iOS 9 အသုံးပြုနေပြီ ဖြစ်ကြောင်း သိရသည်။

iOS 8 ကို ဆက်လက် အသုံးပြု နေဆဲ iDevice အရေ အတွက်မှာ ၃၃ ရာခိုင်နှုန်း ဖြစ်ပြီး ယခင် iOS version အနိမ့် များကို ဆက်လက် အသုံးပြုနေမှုမှာ ၁၀ ရာခိုင်နှုန်းကျော် ရှိသည်။

iOS 9 သို့ စတင် update ပေးပြီး တစ်လ အတွင်း update ပြုလုပ် ကြမှုမှာ ယခင် iOS 8 ထွက်စဉ် ကထက် OS update ပြုလုပ်မှု ပိုမိုများပြားကြောင်း သိရသည်။

သက်နိုင်စိုး (Myanmar Mobile App)

Original link - https://www.facebook.com/thetnaing.mmas


No comments: