တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, October 9, 2015

Sony Xperia Z5 နောက်ကျော ကွဲအက်လွယ်




ထွက်ရှိတာ မကြာသေးတဲ့ Sony Xperia Z5 ကို အကြမ်း ခံမယ်လို့ ထင်ထား ခဲ့ကြပေမယ့် The Verge မှ review ရေးသူ တစ်ဦးဟာ သူ့လက်ထဲ မှာတင် နောက်ကျောက အနည်းငယ် အက် သွားတဲ့ အရာကို ပြသ ပါတယ်။

သူ့အနေနဲ့ ဖုန်းကို ဝယ်လာပြီး review ရေးဖို့ အတွက် ပြင်ဆင်စဉ် စားပွဲကနေ အောက်သို့ တစ်ခေါက် ကျသွား သေးကြောင်း ဆိုပါတယ်။

သာမန် အနေနဲ့ အဲ့လိုကျတဲ့ အခါ ထိခိုက် ရှနာ နည်းတတ် တာကြောင့် Xperia Z5 ကတော့ အကြမ်း ခံမယ်လို့ သူထင်ခဲ့ ပါတယ်။

ချက်ချင်း မသိလိုက်ပေမယ့် review ရေးဖို့ အတွက် ထုတ်လိုက်တဲ့ အချိန်မှ အနောက်က ဖန်သား ကွဲနေတာကို မြင်တွေ့ခဲ့ရ ပါတယ်။ သူ့အနေနဲ့ Drop Test လို့ခေါ်တဲ့ အပေါ်ကနေ ပစ်ချတဲ့ Test ကိုတောင် မလုပ်ရသေးပဲ သူ့အလိုသူ ကွဲအက်နေခြင်း ဖြစ်တာကြောင့် drop test မလိုအပ်တော့ ကြောင်းတောင် ဆိုပါတယ်။

Xperia Z5 ဟာ အရှေ့ရော အနောက်ပါ ဖန်သားဖြစ်ပါတယ်။ အရှေ့က စမတ်ဖုန်း Display ဖန်သား ဖြစ်ပေမယ့် အနောက်က အလှအတွက် ရည်ရွယ်တဲ့ ဖန်သား ဖြစ်ပါတယ်။

သူ့ကို ကြည့်လိုက်ရင် အရောင်ထွက်နေတာကို မြင်ရမှာ ဖြစ်ပါတယ်။ ရွှေရောင်၊ အနက်ရောင်၊ အဖြူရောင် တို့ဆိုရင် မိမိရုပ် မိမိ ပြန်မြင်ရလောက်အောင် အရောင်ထွက်ပါတယ်။

Sony အနေနဲ့ ကြေညာတုန်းက ယင်းဖန်သားဟာ သာမန် ကော်နဲ့ အလူမီနီယမ်တို့ ထက်တောင် အကြမ်းခံကြောင်း ပြောထား တာကြောင့် ယခုလို အလွယ် တကူ ကွဲရှသွားမှုကို ဘယ်လို ဖြေရှင်းမလဲ မသိရသေးပါဘူး။

ဒါဟာလည်း တစ်လုံးတစ်လေမှာသာ ဖြစ်တာလား အလုံးတိုင်းမှာ ဖြစ်တာလား ဆိုတာဟာလည်း စဉ်းစားစရာ ဖြစ်ပါတယ်။ Sony ရဲ့ တုံ့ပြန်မှုကို စောင့်ဆိုင်းလျက် ရှိပါတယ်။ လက်ရှိမှာ Sony Xperia Z5 ဟာလည်း ရေပန်းစား အဆင့်မြင့် စမတ်ဖုန်း တစ်မျိုး ဖြစ်ပါတယ်။

Ref: the verge
အောင်ခမ်း (MMA)

Original link - http://www.myanmarmobileapp.com/2015/10/08/sony-xperia-z5/


No comments: