
iOs မှာ Facebook App ဟာ တစ်ခုခုတော့ မှားနေပြီ ဆိုတာကို Facebook အသုံးပြု သူတွေ သတိထား မိခဲ့ကြ ပါတယ်။ သူတို့ဖုန်းတွေ ဘက်ထရီ သက်တမ်း သိပ်မကြာ တော့တာပါပဲ။
ဒီလိုပြဿနာ ဖြစ်ခဲ့ပြီး နောက်ပိုင်း Facebook App မှာ ပြဿနာ ရှိတယ် ဆိုတာကို Facebook က အတည်ပြု ခဲ့ပါတယ်။ ဘက်ထရီကုန် သက်သာစေဖို့ အတွက်ကိုလည်း Facebook ကနေ update ထုတ်ပေး ခဲ့ပါတယ်။
“အဓိက ပြဿနာအချို့ကို Facebook က ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ထပ်ဆင့် ပြုပြင်ပြောင်းလဲမှုတွေကိုလည်း လုပ်ခဲ့ပါတယ်။ ဒီနေ့ထုတ်လိုက်တဲ့ Version အသစ်က အရင်ထက်ပိုကောင်းလာပါပြီ။” လို့ Facebook အင်ဂျင်နီယာဌာန မန်နေဂျာ Ari Grant ကပြောခဲ့ပါတယ်။
အောက်တိုဘာ ၂၃ရက်နေ့မှာ ထွက်ရှိတဲ့ Update မှာ ပြေလည်ရာပြေလည်ကြောင်း အချို့ကို ထောက်ပံ့ပေးခဲ့ပြီးနောက် Version အသစ်မှာ ဘက်ထရီအကုန် သက်သာလာပြီ လို့သိရပါတယ်။
ဒီလို ဘက်ထရီပြုန်းတီးရတဲ့ အကြောင်း နှစ်ရပ်ရှိတယ်လို့ Facebook က ထောက်ပြပါတယ်။ တစ်ခုက “CPU spin” ဖြစ်ပြီး တုန့်ပြန်မှုတစ်စုံတရာမရှိဘဲ Network ကိုသွားသွားပြီး မေးခွန်းထုတ်နေတာပဲဖြစ်ပါတယ်။ ကားစီးနေရင်း ရောက်ပြီလား၊ ရောက်ပြီလား လို့ သွားသွားမေးနေတဲ့ ကလေးတစ်ယောက်လိုပေါ့။ ကိုယ်သွားချင်တဲ့နေရာ ရောက်ဖို့ ဘာမှမလုပ်ဘဲ ထိုင်မေးနေသလို ဖြစ်နေတာပါ။
ဒုတိယ ပြဿနာတစ်ခုက အသုံးပြုသူဟာ ဗီဒီယိုကို ကြည့်ပြီး ပြန်ထွက်ပေမဲ့ တချို့“အသံ ပိုင်း” မှာ ပိတ်မသွားတာပါ။ တကယ်မဖွင့်ထားဘဲ နောက်ကွယ်ကနေ အလုပ်လုပ်နေတာပေါ့။
ဒီပြဿနာနှစ်ရပ်လုံးကို ပြင်ပြီးပြီလို့ သိရပါတယ်။ App ထဲမှာပါတဲ့ Location Services နဲ့ တော့ မဆိုင်ဘူးလို့ Grant က ပြောခဲ့ပါတယ်။ နောက်ထပ် အဆင့်မြှင့်မှုတွေလုပ်ဖို့ကို Facebook က ဆောင်ရွက်လျှက်ရှိပြီး နောက် ရက်သတ္တပတ်အနည်းငယ်ဆိုရင် ဒီ့ထက်အများကြီး ကောင်းလာမယ်လို့ မျှော်လင့်ရပါတယ်။
Ref: engadget
Original link - http://technology.thithtoolwin.com/2015/10/ios-facebook-app-facebook.html
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |

No comments: