
ပြီးခဲ့တဲ့ အပတ်ကပဲ Google ရဲ့ အင်ဂျင်နီယာ ဖြစ်သူ Kirill Grouchnikov ကပြန်လည်ပြုပြင် အပြီး မှာတော့ Google ရဲ့ ဒီဇိုင်းပြန်လည် ရေးဆွဲ ထားတဲ့ Play Store ဟာ အချို့သော Android ကိရိယာတွေမှာ စတင် အသုံးပြုလို့ ရနေပါပြီ။
Android Central ကပြောကြား ခဲ့တာကတော့ app တွေရောင်းချတဲ့ မိုဘိုင်းလ် စတိုး အသစ်ဟာ ရိုးရှင်းတဲ့ Tab အခြေခံ အသွင်အပြင်ကို ထည့်သွင်းပေး ထားတယ်လို့ သိရပါတယ်။
အကယ်၍ သင်ဟာ သင့်ရဲ့ ဖုန်းမှာရှိတဲ့ Play Store ကို ကြည့်လိုက်တဲ့အခါမှာ ဘာမှ မပြောင်းလဲသေးတာကြောင့်လည်း စိတ်မပျက်လိုက်ပါနဲ့။ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ မရသေးတဲ့လူတွေအများကြီးရှိနေပါသေးတယ်။
ဒါပေမယ့်လည်း မကြာခင်မှာ အားလုံး အသုံးပြုလို့ရနိုင်တော့မှာ ဖြစ်တယ်လို့ Google က ကြေညာထားပါတယ်။
Ref : Engadget
Original link - http://technology.thithtoolwin.com/2015/10/google-play-store.html
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |

No comments: