တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, October 11, 2015

iPhone ရဲ့ ဒီဇိုင်းနဲ့ ပုံစံချင်း တူနေတဲ့ HTC One A9 ရဲ့ ဓါတ်ပုံများ




Android အသုံးပြု သူတို့ အတွက် ဒီဇိုင်း လှပတဲ့ နာမည်ကြီး Smart Phone တစ်မျိုး ထွက်ပေါ် လာတော့မှာ ဖြစ်ပါတယ်။

အဲ့ဒါကတော့ HTC One A9 ဖြစ်ပါတယ်။ ဒီဇိုင်း အရကြည့်မယ် ဆိုရင် HTC One A9 ရဲ့ ဒီဇို်င်းက iPhone ရဲ့ ဒီဇိုင်းနဲ့ တူလွန်း နေပါတယ်။ ဒါပေမဲ့ အဆိုပါ ဒီဇိုင်း ကိုတော့ HTC က အတည်ပြု ပြောကြား ထားခြင်း မရှိသေးပါဘူး။

ခုထွက်ပေါ်လာတဲ့ HTC One A9 ရဲ့ ကောလဟာလ ပုံရိပ်တွေဟာ @OnLeaks ဆိုတဲ့ Twitter အကောင့်ပေါ်မှ စတင်ပြန့်နှံ့ ခဲ့တာ ဖြစ်ပါတယ်။



ယခုဖော်ပြ ထားတဲ့ ပုံတွေဟာ AT&T စတိုးမှ ထုတ်လုပ်ဖို့ အတွက် HTC One A9 ရဲ့ ဖုန်းပုံစံ အတု ဖြစ်ပေမဲ့ တကယ် ထုတ်လုပ်မဲ့ ပုံစံလည်း ဖြစ်နိုင်ကြောင်း ခန့်မှန်း ထားကြ ပါတယ်။

ကောလဟာလ ပုံများအရဆိုရင် HTC One A9 ဟာ စပီကာကို အောက်ခြေမှာ ထားပုံက အစ ကင်မရာရဲ့ ဒီဇိုင်း ပုံစံက အဆုံး iPhone ရဲ့ ဒီဇိုင်းများနဲ့ လုံးဝ နီးပါးကို တူညီနေ ပါတယ်။ iPhone နဲ့ ကွဲလွဲချက် ဆိုလို့ နေရာ အထားအသို ကွဲပြားခြင်းပဲ ရှိပါတယ်။

iPhone ရဲ့ စပီကာ က ဖုန်းရဲ့ ညာဘက် အောက်ခြေဘက်မှာ ရှိနေတာဖြစ်ပြီး ၊ HTC One A9 ကတော့ ဖုန်းရဲ့ ဘယ်ဖက် အောက်ခြေမှာ ထားရှိခြင်းဖြစ်ပါတယ်။ နောက်ထပ် ကင်မရာရဲ့ တည်နေရာ ကလည်း iPhone မှာတော့ အပြင်ဘက် ဘယ်ဘက်ထောင့်မှာ ထားရှိတာ ဖြစ်ပြီး HTC One A9 မှာတော့ ဖုန်းရဲ့ အပြင်ဘက် ထိပ်ပိုင်း အလယ် တည့်တည့်မှာ ထားရှိ ထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့ HTC One A9 ရဲ့ ထူးခြားချက်က Sim Card Slot အပြင် Micro SD Card Slot ကိုပါ ဖုန်းရဲ့ ကိုယ်ထည်ဘေး ဘောင်မှာ ထည့်သွင်းေ ပးထားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် Memory SD card ကို ထပ်တိုး အသုံးပြုလို သူများအနေနဲ့ ကောင်းမွန်တဲ့ အခွင့်အရေး တစ်ခု ဖြစ်ပါတယ်။

ဒါ့အပြင် HTC အနေနဲ့ BoomSound စပီကာ ကို အသုံးပြု ထားခြင်းက အသံထွက် ကောင်းမွန်ခြင်း အတွက် အားသာချက် ဖြစ်ပြီး အနည်းငယ် ပြောင်းလဲ လာတဲ့ HTC ရဲ့ တစ်ယူသန်မှု ကို HTC One A9 မှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အဲ့ဒါ ကတော့ Finger Print Sensor ကို အမြဲတမ်း ကိုယ်ထည် အပြင်မှာ ထားနေတဲ့ HTC ဟာ အခု ဆိုရင်တော့ အတွင်း Screen ရဲ့ အောက်ခြေမှာ Home Button နဲ့ အတူပါဝင်လာတော့မှာဖြစ်ပါတယ်။ ဒါဟာ HTC အသုံးပြုသူတို့ကို အပြောင်းအလဲ ဖြစ်စေမဲ့ အချက် တစ်ချက်လည်း ဖြစ်နေပါတယ်။

အခုထွက်ရှိနေတဲ့ HTC One A9 နဲ့ ပတ်သက်တဲ့ ကောလဟာလတွေက တကယ်ဖြစ်မလား မဖြစ်လာဘူးလား ဆိုတာကိုတော့ အောက်တိုဘာ၂၀ရက်နေ့မှာ သိရမှာ ဖြစ်ပါတယ်။

Ref : the verge

Aung Ko Htet (MMA)

Original link - http://www.myanmarmobileapp.com/


No comments: