
iRing လို့ အမည်မဲ့ ခေါ်နေကြတဲ့ Apple မှ အသစ် ထုတ်မယ့် စမတ် လက်စွပ် မှာ ကင်မရာ ပါဝင် ပါတယ်။ ယင်း ကင်မရာ ကနေ ဓာတ်ပုံ ရိုက်ကူးနိုင် ပါတယ်။
ဒါ့အပြင် သူ့မှာ သေးငယ်တဲ့ ဖန်သားပြင် ပါဝင်ပြီး Touch screen ဖြစ်တာကြောင့် App များကို ထိတွေ့ အသုံးပြုနို င်ပါတယ်။ Text message ရိုက်လို့ရ ပါမယ်။ မိုက်ကရိုဖုန်း ပါတဲ့ အတွက် အသံဖြင့် text message ရိုက်ခြင်းကို ဖန်တီးပေး ပါလိမ့်မယ်။
လက်စွပ်ဟာ လက်ညိုးမှာ ဝတ်ရတဲ့ အရွယ် ဖြစ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်ဟာ လက် အရွယ်အစား မတူတာကြောင့် လက်စွပ်ကို ဘယ်လို အရွယ်တွေ ဘယ်လို ထုတ်မယ် ဆိုတာ မသိသေး ပါဘူး။ သေချာတာ ကတော့ Apple အနေနဲ့ စမတ်လက်စွပ် ကို ထုတ်မှာပါ။
ယင်းအတွက် မူပိုင် တင်ထားပြီး ကင်မရာ အတွက်ပါ တစ်ခါတည်း မူပိုင်ထဲမှာ ထည့်သွင်း ထားခြင်း ဖြစ်ပါတယ်။ လက်ညိုးကို ကွေးဆန့်တဲ့ လက်ဟန်ပေါ်မှာ မူတည်ပြီးတော့ စာလုံးတွေ ပေါ်တာကို အခြားသော Apple ပစ္စည်းတွေနဲ့ ချိတ်ဆက်ပြီး ပေါ်စေမှာ ဖြစ်ပါတယ်။
GPS, နာရီ, iPhoto အစရှိ သဖြင့် တို့လည်း app အနေနဲ့ ပါဝင်မှာ ဖြစ်ပါတယ်။
လက်စွပ်ပေါ်မှာ notification များလည်း တက်နိုင်ပြီး interact လုပ်လို့ ရမယ့် feature များလည်း ပါဝင်မှာ ဖြစ်ပါတယ်။ Apple Ring နဲ့ ပက်သက်တဲ့ သတင်း အချက် အလက်များကို ၂၀၁၆ ခုနှစ် အတွင်းမှာ ပိုမို သိရနိုင်ဖွယ် ရှိပါတယ်။ ယခု ဓာတ်ပုံဟာ Apple က အတည်ပြုပေးတဲ့ ပုံစံ မဟုတ်သေးပါ။
Ref: dailymail
အောင်ခမ်း (MMA)
Original link - http://www.myanmarmobileapp.com/2015/10/11/iring/

No comments: