တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, October 18, 2015

ပုဂ္ဂိုလ်ရေး နဲ့ လုံခြုံရေး အတွက် JPEG ဖိုင်တွေကို Copy ကူးယူနိုင် တော့မည် မဟုတ်




နည်းပညာ လောကမှာလည်း မူပိုင်ခွင့် ကာကွယ်ရေး တွေကို အလေးပေး လုပ်ဆောင် နေကြပါပြီ။ The Joint Photographic Experts Group(JPEG) ကုမ္မဏီဟာ သူတို့ရဲ့ JPEG ဖိုင် ဓါတ်ပုံ တွေကို ဒစ်ဂျစ်တယ် အခွင့်အရေး စီမံခန့်ခွဲမှု (DRM) ကိုယူဆောင် ပေးမယ့် ပုဂ္ဂိုလ်ရေး နဲ့ လုံခြုံရေး ပဏာမ ခြေလှမ်းတွေကို စတင် လိုက်ပါပြီ။

ထို ပြောင်းလဲမှု တွေဟာ သာမန် JPEG ဖိုင်တွေအတွက် ဖြစ်ပြီး JPEG2000 ဖိုင်တွေမှာတော့ သက်ရောက်မှု မရှိပါဘူး။ ထို ပြောင်းလဲမှုမှာတော့ သင့် JPEG ဓါတ်ပုံတွေရဲ့ ပုဂ္ဂိုရေး လုံခြုံမှုကို သင့်ရဲ့ အချက်အလက်တွေဖော်ထုတ်ခြင်း ( ဥပမာ သင်ဓါတ်ပုံရိုက်ကူးတဲ့နေရာ) နဲ့ ကာကွယ်ပေးမှာပါ။

ဒါပေမယ့်လည်း ထိုပြောင်းလဲမှုတွေဟာ သင့်ကို JPEG ဖိုင်တွေကို Copy ကူးယူခြင်းကိုတော့ ခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။

ဒါဟာ မျှတတဲ့ သုံးစွဲခွင့်အတွက် ကန့်သတ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ အကယ်၍ သင်ဟာ သင့်ဓါတ်ပုံမှာ DRM သတ်မှတ်ထားတယ်ဆိုရင်တော့ ထို ဓါတ်ပုံတွေဟာ သတင်းတွေ ၊ သုတေသန တွေ ၊ ပြန်လည်ဖန်တီးမှု အနုပညာတွေမှာ အသုံးပြုနိုင်တော့မှာ မဟုတ်ပါဘူး။ အင်တာနက် Memes တွေမှာလည်း အသုံးပြုဖို့ မဖြစ်နိုင်တော့ပါဘူး။

ဒါပေမယ့်လည်း ထိုပြောင်းလဲမှုတွေကို ချက်ချင်းကြီးဆောင်ရွက်မှာတော့ မဟုတ်ပါဘူး။ Electronic Founder Foundation အဖွဲ့က JPEG ကော်မတီကို တင်ဆက်ပြသမှု တစ်ခုနဲ့ ထိုကိစ္စအတွက် ငြင်းခုံမှု ပြုလုပ်ခဲ့ကြပါတယ်။

သူတို့ရဲ့ ပြောကြားချက်အရတော့ JPEG ဖိုင်တွေမှာ အချက်အလက်ဖော်ထုတ်ခြင်းကို ကြားခံတစ်ခုအနေနဲ့အသုံးပြုခြင်းဟာ တန်ဖိုးတစ်ခု ရှိလာစေပေမယ့်လည်း ဖယ်ရှားလို့ မရနိုင်တာမျိုးနဲ့ ကူးယူလို့ မရနိုင်တာမျိုးကိုတော့ သဘောမကျဘူးလို့ EFF အဖွဲ့ကဆိုခဲ့ပါတယ်။ JPEG အဖွဲ့တော့ ဒါကို လက်မခံသေးဘူးလို့ သိရပါတယ်။

Ref : Engadget

Original link - http://technology.thithtoolwin.com/2015/10/jpeg-copy.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments: