
Android ဖုန်း အသုံးပြု သူတွေဟာ Lollipop စနစ်ကို ကောင်းကောင်း အသုံးမပြု တတ်ခင်မှာပဲ Google က Marshmallow ဆိုတဲ့ Android ဗားရှင်း အသစ်ကို ထုတ်လုပ် လိုက်ပါတယ်။
အခုလည်း LG ကုမ္မဏီက နောက် တစ်ပတ်က စပြီး သူ့ရဲ့ ဖုန်းတွေထဲမှာ Marshmallow စနစ်ကို နောက် တစ်ပတ်က စပြီး ထည့်သွင်း အသုံးပြုခွင့် ပေးတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း LG ရဲ့နောက်ဆုံးထုတ် Product တွေထဲက တစ်ခုဖြစ်တဲ့ G4 ဟန်းဆက်တွေမှာပဲ ခွင့်ပြု ထားပြီး ပိုလန် နိုင်ငံမှာပဲ စတင် ခွင့်ပြုဦးမှာ ဖြစ်ပါတယ်။
တောင်ကိုရီးယား အခြေစိုက် နည်းပညာ ကုမ္မဏီဖြစ်တဲ့ LG က တရားဝင်ပြောကြားခဲ့တာကတော့ ဥရောပ နိုင်ငံတွေမှာပဲ Marshmallow စနစ်ကို စတင် အသုံးပြုခွင့်ပေးသွားမှာဖြစ်ပြီး အမေရိက ၊ အာရှ နဲ့ ကျန်တဲ့ ဥရောပ နိုင်ငံတွေကိုတော့ မကြာခင်မှာ အသုံးပြုလို့ရနိုင်အောင် ခွင့်ပြုပေးသွားမယ်ဆိုတာပါပဲ။
ကံမကောင်းတာတစ်ခုကတော့ ထို ကျန် ဒေသတွေအတွက် Android နောက်ဆုံးစနစ် ထွက်ရှိမယ့် နေ့ကို ထုတ်ပြန်ကြေညာထားခြင်းတော့ မရှိသေးပါဘူး။ ဒါပေမယ့်လည်း အမေရိကန် ပြည်ထောင်စုမှာတော့ T-Mobile ကုမ္မဏီက LG ရဲ့ G3 နဲ့ G4 ကို မဝေးတော့တဲ့ အနာဂါတ်မှာ Marshmallow စနစ်ကို အသုံးပြုခွင့်ပေးမယ်ဆိုတာပါပဲ။
LG က အခိုင်အမာ ဆိုထားတာကတော့ သူတို့ထုတ်တဲ့ G4 ဟာ Google ရဲ့ ကိုယ်တိုင်ထုတ်လုပ်တဲ့ စမတ်ဖုန်း Nexus တွေလွဲရင်တော့ ကမ္ဘာမှာ ပထမဆုံး Marshmallow အသုံးပြုခွင့်ရတဲ့ ဖုန်းပဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး LG ရဲ့ ဈေးကွက်ထိုးဖောက် ဆက်သွယ်ရေး ဌာန ရဲ့ ဒု-ဥက္ကဋ္ဌ ဖြစ်သူ Chris Yie ကတော့ LG ဟာ Google နဲ့ အနီးကပ် အလုပ်လုပ်ခဲ့တဲ့အတွက် Marshmallow စနစ်ကို ပထမဆုံး အသုံးပြုခွင့်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
Ref : Engadget
Original link - http://technology.thithtoolwin.com/2015/10/lg-g4-android-marshmallow.html
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |

No comments: