တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, October 3, 2015

ဒီဇိုင်းထူးခြားတဲ့ LG V10 အသစ်မိတ်ဆက်




LG ဟာ ပုံမှန် ထုတ်နေကျ premium series ဖြစ်တဲ့ LG G ကနေ ယခု LG V10 ဆိုတဲ့ စမတ်ဖုန်း အသစ်ကို မိတ်ဆက် လိုက်ပါပြီ။ ယင်းဟာ လက်ရှိ LG G4 ထက်လည်း အဆင့်မြင့် ပါတယ်။

RAM 4GB ပါဝင်ပြီး ကင်မရာက 16 MP ပါဝင် ပါတယ်။ ရှေ့မှာ 5 MP ကင်မရာ နှစ်လုံးကို ယှဉ်လျက် ထားပေး တာကြောင့် ပိုပြီးတော့ Angel ကျယ်တဲ့ ဓာတ်ပုံကို ရိုက်နိုင် ပါတယ်။

အဓိက ထူးခြားချက်က Second Screen ပါဝင်ခြင်း ဖြစ်ပါတယ်။ ဒုတိယ ဖန်သားပြင် ဆိုတာကို နောက်ကျောမှာ တပ်ဆင်ခြင်း မဟုတ် ပါဘူး။ ဖုန်းရဲ့ အပေါ် ဘားနေရာမှာ တပ်ဆင် ထားရှိခြင်း ဖြစ်ပါတယ်။

ယင်းက အမြဲတမ်း လင်းနေပြီး ရာသီဥတု အခြေအနေ၊ အချိန်၊ ဘက်ထရီ အခြေအနေ တို့ကို ပြသ ပါတယ်။ ပြီးတော့ အမြန်ဝင်ရန် app များကိုလည်း ပြသ ပါတယ်။ Processor က Qualcomm Snapdragon 808 processor ဖြစ်ပါတယ်။ ဘက်ထရီကလည်း 3000 mAh ရှိပါတယ်။

ဖန်သားပြင်က ၅.၇ လက်မရှိပြီး 2560 x 1440 pixel အရည် အသွေး ရှိတာကြောင့် resolution မြင့်တဲ့ စမတ် ဖုန်းလည်း ဖြစ်ပါ လိမ့်မယ်။ Internal 64GB ပါဝင် ပါတယ်။ ရွှေ၊ အပြာ၊ အဖြူ၊ အနက်၊ နက်ပြာ အစ ရှိသဖြင့် အရောင်စုံ ထွက်မှာ ဖြစ်ပါတယ်။

MicroSD ကဒ်ကို 2TB အထိတောင် လက်ခံ ပါတယ်။ military grade protection အဆင့် သတ်မှတ် ထားတာကြောင့် အင်မတန် အကြမ်းခံတဲ့ စမတ်ဖုန်းလည်း ဖြစ်ပါ လိမ့်မယ်။

ဈေးနှုန်းနဲ့ ထွက်ရှိမယ့် ရက်ကို LG က ကြေညာတဲ့ အခါ သတင်း ပြန်လည် မျှဝေပါ့မယ်။ ဒီဇိုင်းပိုင်းမှာ ထူးခြားတာ နဲ့ Second screen ပါတာ အပြင် အခြားသော သူ့ရဲ့ အားသာချက် များကို ပြတဲ့ ဗီဒီယိုကို အောက်မှာ ကြည့်ရှု နိုင်ပါတယ်။



အောင်ခမ်း (MMA)

Original link - http://www.myanmarmobileapp.com/2015/10/01/lg-v10/

No comments: