တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, October 3, 2015

သိန်း ၂၀ တန် ဇိမ်ခံ စမတ်နာရီ Carrera Wearable 01




Carrera Wearable 01 လို့ အမည် ရတဲ့ ဇိမ်ခံ စမတ် နာရီကို လာမယ့် နိုဝင်ဘာလ ၉ ရက်နေ့၊ နယူးယောက်မှာ မိတ်ဆက် ပြသမှာ ဖြစ်ပါတယ်။ ဈေးနှုန်း အတိအကျ အားဖြင့် အမေရိကန်ဒေါ်လာ ၁၈၀၀ တန်ဖိုး ရှိတဲ့ စမတ်နာရီ ဖြစ်ပါတယ်။ ဒေါ်လာဈေးနဲ့ မြန်မာဈေး အပြောင်း အလဲကြောင့်မို့ ၂၅ သိန်းလောက် အထိလည်း ဖြစ်သွား နိုင်ပါတယ်။

သူဟာ ဆွစ်ဇာလန်က ဇိမ်ခံ နာရီများကို ယှဉ်ပြိုင်ဖို့ အတွက် ရည်ရွယ် ထားခြင်း ဖြစ်ပါတယ်။ နာရီကို Android Wear OS ဖြင့် လည်ပတ်စေမှာ ဖြစ်ပါတယ်။

ဒီတော့ Android စမတ်ဖုန်းများနဲ့ သုံးရန် ပိုသင့်လျော်ပြီး iPhone အတွက်လည်း ရရှိစေအုံးမှာ ဖြစ်ပါတယ်။ Feature များ အနေနဲ့ ကတော့ ဖုန်းရဲ့ Notification ကို နာရီ ကနေ စစ်တာမျိုး၊ သီချင်းဖွင့်၊ သီချင်းပိတ်၊ ရာသီဥတု အခြေ အနေကြည့် အစရှိသဖြင့် များစွာသော feature များ ပါဝင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဖန်သားပြင်ဟာ ဆိုရင် ပုံသေ ဒိုင်ခွက်ထဲက အတံများနဲ့ ပါမှာလား LCD screen ဖြစ်မလား ဆိုတာတောင် သေချာ မသိရ သေးပါဘူး။

ပုံမှာ ပြထား သလိုဆိုရင် စမတ်နာရီ လို့တောင် မထင်ရတဲ့ ပုံစံ မျိုးတွေ ဖြစ်ပါတယ်။

Carrera Wearable 01 ကို အမေရိကန်ဒေါ်လာ ၁၈၀၀ နဲ့ ရောင်းချပြီး ယင်းထက် ဈေးနှုန်းမြင့်တဲ့ ဗားရှင်းများလည်း ရရှိမှာ ဖြစ်ကြောင်း ဆိုပါတယ်။

Ref: pocketlint

အောင်ခမ်း (MMA)

Original link - http://www.myanmarmobileapp.com/2015/10/01/carrera/

No comments: