
ဗြိတိန် နိုင်ငံကနေ ပထမဆုံး ထုတ်လုပ် လိုက်တဲ့ ကလေးဝတ် လက်ပတ် နာရီ တစ်မျိုး ကတော့ နာရီပတ်ထားတဲ့ ကလေးကို ကမ္ဘာပေါ်က ဘယ်နေရာကို ရောက်နေလည်း ဆိုတာ ခြေရာခံနိုင် မယ်လို့ သိရပြီး ခရစ်စမတ် ကာလ မှာ ရောင်းချဖို့ စီစဉ် ထားတယ်လို့ သိရပါတယ်။
Spy Kids လို့ ခေါ်တဲ့ ထို Gadget ဟာ ကလေးတွေကို နာရီ မျက်နှာပြင်အား လျှို့ဝှက် စုံထောက် တစ်ယောက် သဖွယ် စကားပြောနိုင်စေမှာ ဖြစ်ပြီး အကူအညီ လိုရင် တောင်းခံနိုင်တဲ့ SOS ခလုတ်လည်း ပါဝင်တယ်လို့ သိရပါတယ်။
စတာလင်ပေါင်၇၉ ပေါင် တန်ဖိုး ရှိတဲ့ ထို လက်ပတ် နာရီလေးဟာ သူတို့ကို သတ်မှတ်ပေး ထားတဲ့ aနရာ ပြင်ပကို ရောက်သွားတဲ့ အခါ မိဘတွေကို အချက်ပေး သွားမှာ ဖြစ်ပြီး ကလေးတွေ လမ်းပျောက်တဲ့ အခါမျိုးမှာ အကူအညီ လှမ်းတောင်းနိုင်တဲ့ SOS ခလုပ် ကိုလည်းထည့်သွင်း ပေး ထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် မိဘတွေ အနေနဲ့ ဖုန်း နံပါတ် အလုံး ၂၀ ကိုလည်း ထိုနာရီနဲ့ အလွယ်တကူ ခေါ်ယူနိုင်အောင် ကြိုတင် သတ်မှတ်ပေး နိုင်တယ်လို့ သိရပါတယ်။
ထို လက်ပတ်နာရီကို ခြေရာခံဖို့ အတွက်တော့ GPS စနစ် ပါဝင်တဲ့ စမတ်ဖုန်း တိုင်းနဲ့ ခြေရာခံနိုင်ပြီး ထို စမတ်ဖုန်း ထဲမှာတော့ Moochies ဆိုတဲ့ အခမဲ့ ရယူနိုင်မယ့် App တစ်ခုကို ထည့်သွင်း ထားဖို့ လိုပါလိမ့်မယ်။
ထို Moochies ဆိုတဲ့ ကလေးပတ် စမတ်နာရီ ကိုတော့ Durham တက္ကသိုလ် ကျောင်းသားတွေ ဖြစ်ကြတဲ့ Adrian Lisle နဲ့ Ryan O'Neill တို့က တီထွင် ထားတာ ဖြစ်ပါတယ်။
ထို SIM ကတ် ထည့်သွင်းပြီး အသုံးပြု ရမယ့် စမတ်နာရီ Moochies အမှတ်တံဆိပ် Spy Kids လက်ပတ်နာရီ ဟာ ပန်းရောင် ၊ အပြာရောင် ၊ အနက်ရောင်နဲ့ လိမ္မော်ရောင်တွေ အဖြစ် ရွေးချယ် ၀ယ်ယူနိုင်မှာ ဖြစ်ပြီး Apple ဖြစ်စေ ၊ Android ဖြစ်စေ မည်သည့် စမတ်ဖုန်းတွေနဲ့ မဆို ချိတ်ဆက် ထားနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
ဈေးနှုန်းကိုတော့ ဖော်ပြထားခြင်း မရှိသေးပါဘူး။
Original link - http://technology.thithtoolwin.com/2015/10/moochies.html

No comments: