
အမျိုးသမီး အနုပညာရှင် တစ်ယောက်ဟာ အမျိုးသမီး တွေကို တစ်ယောက်ထဲ စိတ်ဖြေ ဖျောက်တဲ့ အခါ လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှု ရရှိသွားတဲ့ မျက်နှာ အနေအထား ကို ဓါတ်ပုံ ရိုက်ကူးနိုင်မယ့် Selfie Stick တစ်ခုကို တီထွင်ပြီး မိတ်ဆက် ပြသ ခဲ့ပါတယ်။
ဒီ Selfie Stick ဟာ တစ်ကယ်ပဲ ဈေးကွက်ထဲ ရောက်လာမှာလား ဆိုတာမသိရသေးပေမယ့်လည်း လူမှုကွန်ရက် အသုံးပြုသူတွေကတော့ စိတ်ဝင်စားသွားကြပြီး အမျိုးသမီး အချို့လည်း "သိပ်ကောင်းတဲ့အတွေး" ပဲလို့ သတ်မှတ်ခဲ့ကြပါတယ်။
လက်ရှိမှာတော့ ထို Selfie Stick ဟာ ၀က်ဘ်ဆိုက် တစ်ခု ၊ Twitter အကောင့် တစ်ခု နဲ့ YouTube စာမျက်နှာ တစ်ခုမှာပဲ ပြသ မိတ်ဆက်ထားတာဖြစ်ပြီး ဘယ်လို ၀ယ်ယူရမယ်ဆိုတဲ့ အသေးစိတ် ကိုတော့ မသိရှိသေးပါဘူး။
ဒီ Selfie Stick ရဲ့ ထူးခြားချက်ကတော့ အမျိုးသမီး တွေ ကိုယ့်ဘာသာကိုယ် စိတ်ဖြေဖျောက်တဲ့ ကိရိယာ နဲ့ တွဲဖက်ထားတဲ့အတွက် အချို့ကလည်း ဒီ Selfie Stick ကို အပြင်းအထန် ဝေဖန်ခဲ့ကြပါတယ်။ တစ်ချို့ကလည်း နည်းပညာ အမြင်နဲ့ သာကြည့်ဖို့ တိုက်တွန်းထားကြတာကို တွေ့ရပါတယ်။
ထို Selfie Stick ကို ထို အနုပညာရှင် အမျိုးသမီးက ဘယ်လို မိတ်ဆက်ပြသထားတယ်ဆိုတာကိုတော့ အောက်ပါ ဗီဒီယို မှာ ကြည့်ရှုနိုင်ပါတယ်။
Original link - http://technology.thithtoolwin.com/2015/10/selfie-stick.html

No comments: