မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသည် ၎င်းတို့၏ မိုဘိုင်းဖုန်း အသုံးပြု သူများ အတွက် မိုဘိုင်းဖုန်း ခေါ်ဆိုမှု ကြာမြင့်ချိန်နှင့် ခေါ်ဆိုမှု အတွက် ကျသင့်ငွေကို မိုဘိုင်းဖုန်း ပြောဆို ပြီးသည်နှင့် စာတိုစနစ် ပြန်လည် ပေးပို့ သွားမည်ဟု သိရသည်။
“အခြား အော်ပရေတာ လိုပဲ ဖုန်းခေါ် လိုက်တယ်။ ဘယ်လောက် ကြာတယ်၊ ဘယ်လောက် ကျသင့်တယ် ဆိုတာကို ပြန်ပြီးတော့ ပြပေးမှာ။ အရင်တုန်းက အဲဒါကို တောင်းဆို ကြတယ်လေ။ အခု အဲ့ဒါ ရပါပြီ။ AOC စနစ်လို့ ခေါ်ပါတယ်” ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ Deputy Commercial Officer ဖြစ်သူ ဦးသိန်းဟုတ်က ပြောသည်။
မိုဘိုင်းဖုန်း အသုံးပြု ခဲ့သည့် မှတ်တမ်းကို ပြန်လည် ဖော်ပြ ပေးရာတွင် ကြာမြင့်ချိန်၊ ကျသင့်ငွေ၊ လက်ကျန်ငွေနှင့် လက်ကျန်ငွေ အသုံးပြုနိုင်မည့် သက်တမ်းကို တစ်ပါတည်း ဖော်ပြပေး သွားမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက သတင်း ထုတ်ပြန် ခဲ့သည်။
အဆိုပါ ဝန်ဆောင်မှုကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ GSM နှင့် WCDMA မိုဘိုင်းဖုန်း အသုံးပြု သူများ အတွက် ပေးအပ် ခဲ့ခြင်းဖြစ်ပြီး ဝန်ဆောင်မှု ရရှိရန် လျှောက်ထားမှု မလို အပ်ကြောင်း သိရသည်။
“အားလုံးလည်း ကျေနပ်ပျော်ရွှင် လိမ့်မယ်လို့ ယုံကြည် ပါတယ်။ MPT က ဖုန်း သုံးစွဲနိုင်မှု အတွက် ပိုပြီးချဲ့ထွင်နေ တာနဲ့ အမျှ ပေးနေတဲ့ ဝန်ဆောင်မှုတွေ ကိုလည်း ပိုပြီး တိုးမြှင့် သွားမှာပါ” ဟု MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က ပြောသည်။
ှုInternet journal By: မြင့်ကျော်လှိုင်
Original link - http://www.internetjournal.media/news/4422
No comments: