တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, October 9, 2015

Huawei က Android 6.0 နဲ့ ပွဲထွက်လာတဲ့ Nexus 6P ကို မိတ်ဆက်




Google က Nexus 6 Phablet ကိုကြေညာ အပြီး တစ်နှစ် အကြာ ယခု အခါ Nexus 6P ကို မိတ်ဆက် လိုက်ပါတယ်။ 6P ဟုအမည် ပေးထား ပေမယ့်လည်း ၅.၇ လက်မ မျက်နှာပြင် ကိုသာ တပ်ဆင် ထားပြီး Motorola အစား Huawei က ထုတ်လုပ် ပေးထားတာ ဖြစ်ပါတယ်။

ပထမဆုံး သတ္တု ကိုယ်ထည်ကို အသုံးပြု ထားတဲ့ Nexus ဖုန်းဖြစ်ပြီး အထူမှာ ၇.၃ မီလီမီတာ ဖြစ်ပါတယ်။ ယခင် မော်ဒယ်ထက် ၃ မီလီမီတာ ပိုမို ပါးလွှာ ပါတယ်။ ၅.၇ လက်မ AMOLED QHD (1440x2560) Display တပ်ဆင် ထားပါတယ်။အရှေ့ဘက်မှာ တပ်ဆင် ထားတဲ့ စပီကာ များကလည်း ဒီဇိုင်း အသစ်ဖြစ် ပါတယ်။ ကင်မရာကိုလည်း 12.3MP ဖြင့် အဆင့်မြှင့် ထားပြီး LED Flash နှစ်လုံးနဲ့ တွဲဖက် ထားပါတယ်။ 2160p Video များကို ရိုက်ကူးပေး နိုင်ပြီး အရှေ့ ဘက်မှာတော့ 8MP Camera တပ်ဆင် ထားပါတယ်။

Android 6.0 Marshmallow ကို ပထမဆုံး ထည့်သွင်း ပေးထားပြီး Fingerprint Reader ပါရှိ ပါတယ်။ Apple လို မဟုတ်ဘဲ Reader ကိုအနောက် ဘက်မှာ တပ်ဆင် ထားပါတယ်။ Standby အသုံးပြုလျှင် ဘက်ထရီကို ပိုမိုချွေတာ ပေးတဲ့ Marshmallow ရဲ့ Doze စွမ်းဆောင်ချက် ပါရှိ လာပါတယ်။

Nexus 6 နဲ့ Note 5 တို့ထက် ကြီးမားတဲ့ 3450mAh Battery တပ်ဆင်ထား ပါတယ်။ အရင် မျိုးဆက်များ မှာလို ကြိုးမဲ့ အားသွင်း စနစ် မပါရှိ ပါဘူး။ အားသွင်းဖို့ USB Type-C ကို ထည့်သွင်းပေး ထားပြီး ၁၀ မိနစ် အားသွင်းရင် ခုနစ်နာရီ အသုံးခံပါတယ်။ Nexus 6P ကို Snapdragon 810 Chipset က မောင်းနှင်မှာ ဖြစ်ပါတယ်။ ယခင်နှစ် Nexus 6 ရဲ့ Snapdragon 805 ထက် QHD Screen မှာ ဂိမ်းကစားရင် ပိုမို ကောင်းမွန် လာပါတယ်။

3GB RAM ကတော့ ယခင် မျိုးဆက်နဲ့ အတူတူ ပါပဲ။ 128GB Storage အမျိုး အစား အသစ်ကို လည်း ရွေးချယ် နိုင်ပါတယ်။ 32GB , 64GB များကိုလည်း ၀ယ်ယူနိုင် ပါတယ်။ အလူမီနီယမ် ၊ ခဲ ၊ အဖြူနဲ့ ရွှေရောင်များ ထုတ်လုပ်ပေး ထားပါတယ်။ 32GB ကို ဒေါ်လာ ၅၀၀ ၊ 64GB ကို ဒေါ်လာ၅၅၀ နဲ့ 128GB ကို ဒေါ်လာ၆၅၀ နဲ့ ရောင်းချမယ်လို့ ခန့်မှန်း ရပါတယ်။

Mobile Guide Journal (Every Monday)

Original link - https://www.facebook.com/officialmobileguidejournal


No comments: