
ရေကူးကန်ထဲမှာပဲ ဖြစ်ဖြစ် ရေချိုးကန်ငယ် ထဲမှာပဲ ဖြစ်ဖြစ် စာအုပ် ဖတ်မယ်ဆိုတဲ့ သူမျိုး ကတော့ မြန်မာပြည်မှာ ရှားပါ လိမ့်မယ်။ ဒါပေမယ့် မိုးစင်တဲ့ ဘတ်စ်ကားပေါ်မှာ စာဖတ်မယ် ဆိုတဲ့ သူကတော့ ရှိကော င်းရှိပါလိမ့်မယ်။
Barnes & Noble လို့ အမည်ရတဲ့ ကုမ္ဗဏီဟာ Amazon ရဲ့ ပြိုင်ဘက် ebook reader ထုတ်လုပ်သူ ဖြစ်ပြီး ရေစိုခံ ဗားရှင်း တစ်မျိုးကို မိတ်ဆက် လိုက်ပါပြီ။ အဖြူအမဲ အရောင် မျက်နှာပြင်နဲ့ပဲ ဖြစ်ပါတယ်။
GlowLight Plus လို့ အမည်ပေးထားပါတယ်။ အရင်က ထွက်ခဲ့ဖူးတဲ့ Nook တွေနဲ့ မတူတော့တာ ကတော့ metal နဲ့ ပြုလုပ်တဲ့ ကိုယ်ထည်ပဲ ဖြစ်ပါတယ်။
Internel လည်း 2.5 GB ပါဝင်ပါတယ်။ ဘက်ထရီအား တစ်ခါသွင်းထားရင် ၆ ပတ်စလုံး အားသွင်း စရာမလိုပဲ စာဖတ်နိုင်မှာ ဖြစ်ကြောင်း ဆိုပါတယ်။
မျက်နှာပြင် အရည်အသွေးက 300 dpi ရှိပါတယ်။ သုံးပေရှိတဲ့ ရေပေါ်ဆိုရင် မိနစ် ၃၀ လောက်ပေါ်နိုင်မှာ ဖြစ်ပါတယ်။ ရေထဲကျလို့ ရေဝင်မှာကိုလည်း မစိုးရိမ်ရ ပါဘူး။ ၆ အောင်စ ဝန်းကျင်ပဲ ရှိတာကြောင့် အမတန်ပေါ့ပြီး အင်မတန်ပါးတဲ့ e-reader တစ်မျိုးလည်း ဖြစ်ပါတယ်။
ဈေးနှုန်းကတော့ ၁၃၀ ဒေါ်လာ ဝန်းကျင်ရှိပြီး barnesandnoble.com ပေါ်မှာ ရောင်းချနေပြီ ဖြစ်ပါတယ်။
Ref: mashable
အောင်ခမ်း (MMA)
Original link - http://www.myanmarmobileapp.com/2015/10/22/nook/
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |

No comments: