တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, October 25, 2015

အာရုံခံ စနစ်ပါဝင်တဲ့ ရှူးဖိနပ် Nike က ထုတ်တော့မည်




Back to the future လို့ အမည်ရတဲ့ ရုပ်ရှင်ဟာ လွန်ခဲ့တဲ့ ၃၅ နှစ်ခန့်က အင်မတန် အောင်မြင် ခဲ့ပါတယ်။

ယင်း ရုပ်ရှင်ထဲမှာ၂၀၁၅ ခုနှစ်ကို ရောက်ရှိ သွားခြင်း ဖြစ်ပါတယ်။ အဲ့ဒီတိုင်းမှာ လူ့ရဲ့ လမ်းလျှောက်မှု အနေအထားပေါ် မူတည်ပြီးတော့ စီးထားတဲ့ ဖိနပ်က အတင်း အကြပ် မှန်ကန်အောင် ပြောင်းလဲ ပေးနိုင်တာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ယင်းကဲ့သို့ ဖြစ်နိုင် မဖြစ်နိုင်ကို လူတွေ ဝေဖန် ခဲ့ကြပေမယ့် ယခုတော့ တကယ် ဖြစ်လာပါပြီ။ Nike ကနေ ထုတ်လုပ် နေပြီ ဖြစ်တဲ့ ရှူးဖိနပ် ဖြစ်ပါတယ်။

၂၀၁၆ နှစ်ဆန်းလောက်မှ ရောင်းချဖွယ် ရှိပါတယ်။

တရားဝင် ဓာတ်ပုံနဲ့ ဗီဒီယို များကို တင်ခဲ့ ပါတယ်။ စမ်းသပ် အသုံးပြုနေမှု ကိုလည်း Nike မှ အရာရှိ အချို့က Twitter ပေါ် တင်ခဲ့ကြ ပါတယ်။

သူ့ကို Limited Edition ထုတ်ပြီးတော့ ရောင်းချမှာ ဖြစ်ပါတယ်။ ဖိနပ်ဟာ ရုပ်ရှင်ထဲကလို လုပ်ဆောင်ချက် အပြည့်ဝ မလုပ်နိုင်ပေမယ့် စီးလိုက်တာနဲ့ ကြိုးအလိုအလျောက်တင်းပေးတာ လမ်းလျှောက်မှုပေါ် မူတည်ပြီးတော့ ခြေထောက် မနာအောင် ပြုပြင်ပေးတာတို့ ပြုလုပ်မှာ ဖြစ်ပါတယ်။

ယင်း ရှူးဖိနပ် အပြင် Back to the future များ ပစ္စည်းများကို ၂၀၁၆ နှစ်ဆန်းပိုင်းမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Ref: mashable
အောင်ခမ်း (MMA)

Original link - http://www.myanmarmobileapp.com/2015/10/22/nike/

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments: