တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, October 11, 2015

တရုတ်ပြည် ပြင်ပမှာ စတင် ရောင်းချတော့မယ့် Oppo R7 Plus




Oppo R7 Plus အမည်ရ ဖုန်းကို တရုတ်ပြည်မှာ မေလတုန်းက Oppo မှ ဖြန့်ချိ ခဲ့ပါတယ်။ ၆ လက်မ ရှိတဲ့ အရွယ်ကြီး စမတ်ဖုန်း ဖြစ်ပါတယ်။

သူ့ကို phablet အမျိုး အစားထဲ ထည့်ထား ပါတယ်။

RAM 3GB ပါဝင်ပြီး internal storage က 32GB ပါ။ microSD ကဒ် ထည့်လို့ ရပါတယ်။ 13 Megapixel ကင်မရာ ပါဝင်ပြီး Fingerprint reader ကိုလည်း ကင်မရာ အောက်မှာ တွဲထား ပါတယ်။

Processor ကတော့ 8 Core Qualcomm Snapdragon 615 ဖြစ်ပါတယ်။ ယင်းကတော့ mid range သာသာ ပဲ ရှိတဲ့ Processor ဖြစ်ပါတယ်။

ယင်း အချက်ကလွဲလို့ ကျန်တဲ့ Spec များကတော့ ယနေ့ခေတ်ရဲ့ အမြင့်ဖုန်းများနဲ့ မတိမ်းမယိမ်းတွေပါပဲ။ Magnesium Aluminium Alloy ဘော်ဒီဖြစ်တာကြောင့် ပေါ့ပါတယ်။

ဘက်ထရီ 4100 mAh ပါဝါ ရှိတာကြောင့် ဘက်ထရီအားကြီး စမတ်ဖုန်း တစ်မျိုး ဖြစ်ပါတယ်။ Oppo ရဲ့ VOOC fast-charing technology ပါဝင် တာကြောင့် အားသွင်းတာ မြန်ပါတယ်။ ငါးမိနစ် သွင်းပြီးရင် နှစ်နာရီစာ ဖုန်းပြောလို့ ရကြောင်း ဆိုပါတယ်။

ရွှေရောင် အပြင်၊ အဖြူရောင်နဲ့ အခြားသော အရောင်များ ထွက်ပါတယ်။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၄၇၀ ဒေါ်လာ ဝန်းကျင် ပေါက်ဈေး ရှိမှာ ဖြစ်ပါတယ်။

Ref: mashable

အောင်ခမ်း (MMA)

Original link - http://www.myanmarmobileapp.com/2015/10/11/oppor7plus/


No comments: