
Samsung ဟာ မကြာသေးမှီက ထုတ်လုပ်ခဲ့တဲ့ Galaxy Note 5 အတွက် အသစ်တစ်ဖန် ပြန်လည် ဆန်းသစ် လိုက်ပါပြီ။
အဲ့ဒါကတော့ Samsung Galaxy Note 5 ကို အရင်ရှိပြီးသား အရောင် တွေထက် ရွေးချယ်မှု ပိုပြီး ရရှိအောင် နောက်ထပ် အရောင် အသစ်နှစ်မျိုးကို ထပ်မံ ထုတ်လုပ် လိုက်ခြင်းပါပဲ။ Samsung Galaxy S6 နဲ့ Galaxy S6 Edge တို့ အတွက်တော့ ထူးခြားမှု တွေဘာမှမလုပ် ခဲ့ပေမဲ့ Galaxy Note 5 အတွက်တော့ အသုံးပြုသူတို့ စိတ်ကြိုက် ရွေးချယ်နိုင်တဲ့ အရောင်တွေကို ပိုမို စုံလင်အောင် ထုတ်လုပ်ပေး ခဲ့ပါတယ်။
အသစ်ထုတ်လုပ်ပေးထားတဲ့ အရောင်တွေကတော့ သတ္တုငွေရောင် နဲ့ ပန်းရောင်နှင့် ရွှေရောင် ရောစပ်ထားတဲ့ အရောင်တို့ဖြစ်ပါတယ်။
Samsung ဟာ Galaxy Note 5 ကို စတင် မိတ်ဆက်ခဲ့စဉ်က ငွေရောင်နဲ့ သတ္တုရောင် ပေါင်းစပ်ထားတဲ့ အရောင် Galaxy Note 5 Smart Phone နဲ့ မိတ်ဆက်ပြသခဲ့ပေမဲ့ တကယ်တမ်း အသုံးပြုသူတို့ကို ရောင်းချခဲ့ရာမှာတော့ နက်ပြာရောင် ၊ ပုလဲဖြူရောင် နဲ့ သတ္တု ရွှေရောင် တို့ကိုသာ ရောင်းချပေးခဲ့ပါတယ်။
အခုဆိုရင် Samsung Galaxy Note 5 ကို ဝယ်မယ်ဆိုရင် အရောင်အသွေး စုံလင်စွာနဲ့ အမျိုးသမီး အကြိုက် ၊ အမျိုးသားအကြိုက် ဆိုပြီး စိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်ပါပြီ။ Galaxy Note 5 ရဲ့ အရောင်များကို နှိုင်းယှဉ်ကာ လေ့လာကြည့်ပါက နက်ပြာရောင်နဲ့ ပုလဲ ဖြူရောင်တို့ဟာ Fingerprints Sensor ကိုတောင် မမြင်နိုင်အောင် ထပ်တူကျလွန်းလှပြီး သတ္တုငွေရောင်ဟာဆိုရင် မှန် ကြည့်လို့ရအောင်ကို ကြည်လင်ပြတ်သားလွန်းလှပါတယ်။
အသစ်ထုတ်လုပ်လိုက်တဲ့ အရောင်တို့ကို ကြိုက်နှစ်သက်ကြတဲ့ Samsung အသုံးပြုသူများအတွက် Samsung မှ ရောင်းချမဲ့ ဈေးနှုန်းဟာလည်း တူညီမှု မရှိပါဘူး။
သတ္တုငွေရောင် ကိုဝယ်ယူမဲ့ အသုံးပြုသူများအနေနဲ့ 32 GB ကိုဝယ်ယူပါက ဒေါ်လာ 800 $ ဝန်းကျင် ကျသင့်မှာဖြစ်ပြီး 64GB ကို ဝယ်ယူမယ်ဆိုပါက ဒေါ်လာ 850 $ ဝန်းကျင်ကျသင့်မှာဖြစ်ပါတယ်။ ဒါ့အပြင် ပန်းရောင်နဲ့ ရွှေရောင်ရောစပ်ထားတဲ့ Note 5 ကိုဝယ်ယူမယ်ဆိုပါက 64GB ကို ဒေါ်လာ 850 $ ကျသင့်မှာဖြစ်ပါတယ်။
Ref : Android Authority
Aung Ko Htet (MMA)
Original link - http://www.myanmarmobileapp.com/
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |

No comments: