တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, October 3, 2015

Samsung Galaxy Note 8.0 ( SM-N 5100 ) ကို Firmware ပြန်တင်ရန်




Samsung Firmware တင်နည်း လေးတွေ ကျတော် အများကြီး တင်ပေး ထားပါတယ်။ အခု Samsung Galaxy Note 8.0 လေးကို Firmware ပြန်တင် ချင်လို့ အကူအညီ တောင်း
ထားလို့ Firmware နဲ့ အတူ Firmware တင်နည်း လေးပါ တင်ပေး လိုက်ပါတယ်။

အရင်ဆုံး comupter ကနေ ဖုန်းကို Driver သိစေရန် Samsung USB Driver လေးကို computer မှာ Install လုပ်ပေး ရပါမယ်။

အရင်ဆုံး Samsung USB Driver လေးကို Download ရယူလိုက်ပါ။


Download ယူလို့ ရလာတဲ့ Samsung USB Driver ကို ဖွင့်ပြီး install လုပ်ပေး လိုက်ပါ။

Driver ကို install လုပ်ပြီး ရင်တော့ နောက်တစ်ဆင့် အနေနဲ့ ဆက်သွား ကြမယ်။

နောက်ထပ် လိုအပ်တာ လေးတွေ ကတော့ Firmware File နဲ့ Firmware ကို Flash ဖို့ Odin Flash Tool လေးပါပဲ။

အဲဒါလေးတွေကိုလဲ Download အရင် ရယူ လိုက်ကြရအောင်။


လိုအပ်တာလေးတွေ ရပြီ ဆိုရင်တော့ ဆက်ပြီး လုပ်ဆောင် ကြမယ်ပေါ့။

  • အရင်ဆုံး Odin နဲ့ Firmware File ကို ဖြည်ချ လိုက်ပါ။
  • Odin Folder ထဲကို ၀င်လိုက်ပြီး Odin.exe ကို ဖွင့်လိုက်ပါ။
  • Odin မှာပါတဲ့ PDA နေရာလေးကို Click လိုက်ပါ။
  • Box တစ်ခု ထွက်လာ ပါမယ်။
  • အဲဒီကနေပြီး Firmware File လေးကို ရွေးပြီး ထည့်ပေး လိုက်ပါ။
  • Firmware zip ကို ဖြည်ချလို့ ရတဲ့ Folder ထဲက .tar နဲ့ ဆုံးတဲ့ File လေးကို ရွေးထည့် ပေးရမှာပါ။
  • Firmware File ထည့်ပြီးလို့ Odin ကနေ အဆင်သင့်ဖြစ်ပြီ ဆိုရင်တော့ ဖုန်းကို Download mode သွင်းပြီး computer နဲ့ ချိတ်ဆက် ပေးရ ပါမယ်။
  • ဖုန်းကို Download mode ၀င်နိုင်ရန် အောက်က key လေးတွေ အတိုင်းနှိပ် လိုက်ပါ။
  • Download mode >>> Volume down + Home + Power key ကိုနှိပ်လိုက်ပြီး Volume up ကို တစ်ချက် ထပ်နှိပ် လိုက်ပါ။
  • ဒါဆိုရင် Download mode ကို ရောက်ပါပြီ။ ဖုန်းနဲ့ computer ကို connect လုပ်ပေး လိုက်ပါ။
  • Odin မှာ ဘားတန်းလေး တစ်ခု ကနေ အလင်းရောင်လေး တစ်ခုတွေ့ရ ပါမယ်။
  • ဒီအဆင့်ထိ ရောက်ပြီ ဆိုရင်တော့ Odin ကနေ Start ဆိုတာကို Click ပေးလိုက်ပါ။
  • Odin ကနေ အလုပ် လုပ်သွား ပါလိမ့်မယ်။
  • Odin မှာ လုပ်ဆောင်နေတာ ပြီးပြီ ဆိုရင်တော့ PASS ဆိုတဲ့ စာတန်းလေး ပေါ်လာပြီး ဖုန်းမှာ Reboot ကျသွား ပါလိမ့်မယ်။
  • ဒါဆိုရင်တော့ သင့်ဖုန်းလေးကို Firmware ပြန်တင်ခြင်း ပြီးဆုံးပါပြီ။

အဆင်ပြေပါစေ။

Ko Htoo ( MMAS )

Original link - https://www.facebook.com/ko.htoo.3323



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။

No comments: