
iPhone 6S မှာ 3D Touch ပါဝင် လာပြီး တစ်ခြား iPhone တွေမှာ မပါဝင်တဲ့ အသုံးပြုပုံတွေ ပါဝင်လာ ပါတယ်။ ဒါပေမဲ့ လူသိနည်း နေတာကြောင့် ဖော်ပြပေး လိုက်ပါတယ်။
Home Screen
Home Screen မှာ app တွေကို 3D Touch နဲ့ အသုံးပြုပြီး လိုအပ်တဲ့ feature ကိုပဲ ဖွင့်နိုင် ပါတယ်။
Safari
Safari မှာ 3D Touch ကို Preview tab လုပ်တဲ့ နေရာမှာ အသုံးဝင် ပါတယ်။ Safari tab တွေကို ဖွင့်လိုက်ပြီး tab တစ်ခုကို 3D Touch နှိပ်လိုက်ရင် မဝင်သွားပဲ preview အနေနဲ့ ပြပေးမှာ ဖြစ်ပြီး လွှတ်လိုက် တာနဲ့ tab တွေ အကုန်ပြတဲ့ နေရာပြန်ရောက် သွားမှာပါ။
Message
Message တွေဖတ်မယ်ဆိုရင်လဲ 3D Touch နဲ့ နှိပ်ပြီး preview ဖတ်နိုင်မှာ ဖြစ်ပါတယ်။ unread notification ဖြစ်တဲ့ အပြာရောင် အဝိုင်းလေးလဲ ပျောက်မှာ မဟုတ်ပါဘူး။ preview နေတဲ့ အချိန်မှာ အပေါ်ကို ဆွဲတင်လိုက်မယ် ဆိုရင်တော့ reply ပြန်တာမျိုး mark as read လုပ်တာ မျိုးတွေ လုပ်နိုင်မှာ ဖြစ်ပါတယ်
Contact Picture
ကိုယ့် Contact တစ်ယောက်ကို တစ်ခြား app တွေမှာ တွေ့ရင် သူတို့ရဲ့ contact photo ကိုနှိပ် လိုက်တာနဲ့ infomation တွေ အကုန်ကျလာမှာ ဖြစ်ပြီး ဖုန်းခေါ် တာမျိုး mail ပို့တာမျိုး လျှင်လျှင်မြန်မြန် လုပ်နိုင်မှာ ဖြစ်ပါတယ်။
Text Selection
Text Selection လုပ်ရတာပိုမြန် လာပါတယ်။ ကိုယ် select လုပ်ချင်တာ စာကို ထိလိုက်ရင် ပုံမှန် select ဖြစ်သွား ပါတယ်။ အဲ့ဒါကို မလွှတ်ပဲ 3D Touch နဲ့ ဆက်ဆွဲမယ် ဆိုရင်တော့ စာတွေကို select လုပ်ပေးမှာ ဖြစ်ပါတယ်။
Multitasking
App Switcher ကိုဖွင့်ဖို့ Home Button ကိုနှစ်ချက်နှိပ်စရာ မလိုတော့ ပါဘူး။ 3D Touch နဲ့ ဘယ်ဘက် screen အစွန်းကနေဆွဲလိုက်ရင် app တစ်ခုနဲ့ တစ်ခု ကူးသွား တာမျိုး app switcher ကို ဖွင့်တာမျိုး လုပ်နိုင် ပါတယ်။
Author: Myat Min Soe
Original link - http://www.myanmarmobileapp.com/

No comments: