တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, October 28, 2015

မျက်လုံး Scan ဖတ်တဲ့ ATM စက်တွေကို Citigroup က စမ်းသပ်နေ




Citigroup Inc ဟာ ATM အသုံးပြုသူတွေရဲ့ မျက်လုံးတွေကို scan ဖတ်ဖို့ရာ ATM နည်းလမ်းသစ် တစ်ရပ်ကို စမ်းသပ်လျှက် ရှိတယ်လို့ Wall Street ဂျာနယ်က သတင်း ထုတ်ပြန်ပါတယ်။ Diebold က ATM စက်တွေနဲ့ စမ်းသပ်ခဲ့တာပါ။ အရင်လို PIN နံပါတ်တွေ ရိုက်စရာ မလိုတော့ပါဘူး။

ပထမ စိတ်ကူးကတော့ “Irving” လို့ခေါ်ပြီး ကိုယ်ပိုင် ID နံပါတ်တွေ ရိုက်ထည့်ရမယ့်အစား မိမိတို့ရဲ့မျက်လုံးကို မိမိတို့ရဲ့ ဖုန်းနဲ့ eye scan လုပ်ရမှာပါ။ ဒီလိုလုပ်ဖြစ်မယ်ဆိုရင် လူတစ်ယောက် ငွေထုတ်တဲ့ ကြာချိန်ဟာ ၁၀ စက္ကန့်လောက်ပဲ ရှိမယ်လို့ Diebold က ပြောပါတယ်။

ဒုတိယ စိတ်ကူးကတော့ “Janus” လို့ ခေါ်ပါတယ်။ အရင်လို ကတ်နဲ့ထုတ်ရတာပဲဖြစ်ပြီး ငွေထုတ်ပေါက် နှစ်ခုပါမှာပါ။ အသုံးပြုသူထံ ငွေပြေစာ ပေးပို့နိုင်ပါတယ်။

“လူတိုင်းက သူတို့ရဲ့ ဖုန်းနဲ့ ပိုပိုပြီး အလုပ်လုပ်လာကြပြီ။” လို့ Citigroup ရဲ့ ကမ္ဘာလုံးဆိုင်ရာ ATM ဥက္ကဌ Wayne Malone ကပြောပါတယ်။ မိုဘိုင်းကနေတဆင့် ဘဏ်အသုံးပြုတာဟာ ၂၀၁၃ခုနှစ်နဲ့ ၂၀၁၅ခုနှစ်ကြားမှာ ၅ရာခိုင်နှုန်းကနေ ၁၃ရာခိုင်နှုန်းထိ တိုးတက်လာကြောင်း Javelin Strategy & Research ရဲ့ သုံးသပ်ချက်တွေအရ သိရပါတယ်။ ဝယ်လိုအားများလာပေမဲ့ Citibank အနေနဲ့ ဒီစနစ်သစ်ကို အမြန်ကြီးမလုပ်သေးပါဘူး။

အများပြည်သူက ဒီလိုလုပ်ဖို့ ဆန္ဒရှိလား၊ လုပ်ကောလုပ်နိုင်လားဆိုတာကို မေးခွန်းတွေ ထုတ်နေဆဲပဲ ရှိပါသေးတယ်။

Ref: engadget

Original link - http://technology.thithtoolwin.com/2015/10/scan-atm-citigroup.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments: