တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, October 28, 2015

သင့်စက်ဘီးနဲ့ ချိတ်ဆက်ပြီး အချက်ပြမီး လုပ်နိုင်မယ့် Bluetooth မီး




လုံခြုံရေး မီးတွေဟာ အရေး အကြီးဆုံး စက်ဘီး ပစ္စည်းတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ညဘက်မှာ စက်ဘီးစီးမယ် ဆိုရင်၊ ရာသီဥတု အခြေအနေကြောင့်ပဲ ဖြစ်ဖြစ် တစ်ဖက်က သင့်ကို အလွယ်တကူ မမြင်နိုင် တာမျိုး ဖြစ်တတ် ပါတယ်။

ဘီးတွေမှာ အလင်းတန်း တိုက်ရိုက် တွဲတဲ့ အလင်းစနစ်ကို စမ်းသပ်နေခဲ့တာ ကြာပါပြီ။ ဒီအလင်းတန်းတွေကပဲ သင်ဘယ်လောက် မြန်မြန်နင်းနေ တယ်ဆိုတဲ့ အမြန်နှုန်းကို ပြသပေးမှာပါ။ ဘက်ထရီကို ဖြုတ်ပြီး အားပြန် သွင်းနို င်ပါတယ်။ အားဘယ်လောက် ကျန်သေးတယ် ဆိုတာကို bluetooth နဲ့ ချိတ်ဆက်ထားတဲ့ ဖုန်းကနေ စစ်ဆေးနိုင် ပါသေးတယ်။



မြင်ရတဲ့ အတိုင်း ရှေ့ဘီးမှာ အဖြူရောင် မီးတန်းပြပြီး ရှေ့ကို ဦးတည်သွားနေ တယ်ဆိုတာကို ညွှန်ပြပေးပါတယ်။ နောက်ဘက် မှာတော့ အနီရောင် မီးတန်းရှိပြီး ကိုယ့်နား မကပ်နဲ့ ဆိုတာမျိုးပေါ့။

စက်ဘီးနင်းနေတဲ့အချိန်မှာ အလင်းတန်းခုံးတွေနဲ့ ပြသပေးမှာပါ။ ကွေ့တော့မယ့်အချိန်မှာတော့ တစ်ဘီးလုံးကို မီးတဖြတ်ဖြတ် လင်းနေစေမှာပါ။ စက်ဘီးလက်ကိုင်မှာတင်ထားတဲ့ control pad ကနေ ထိန်းချုပ်ပြသနိုင်ပါတယ်။ စမတ်နာရီနဲ့ bluetooth ချိတ်ဆက်ပြီးတော့ လက်ဝှေ့ယမ်းလိုက်ရင်လည်း ရနိုင်ပါတယ်။

နေဝင်သွားတာနဲ့ မီးအလိုအလျောက်ပွင့်အောင် ချိန်ညှိချက်ပေးထားနိုင်ပါသေးတယ်။ မီးတွေ တပ်ဆင်ဖို့အတွက်ကို မီးအဝိုင်း ၄ခုပါရှိပါတယ်။ ရှေ့ဘီးမှာ ၂ကွင်း၊ နောက်ကွင်းမှာ ၂ကွင်းပါ။

ဈေးနှုန်းကတော့ ကန်ဒေါ်လာ ၁၄၉နဲ့ ၂၀၉ ဆိုပြီး Eclipse နဲ့ Eclipse + ဆိုပြီး နှစ်မျိုးရှိပါတယ်။ မြင်လိုက်တာနဲ့ စိတ်ဝင်စားစေတဲ့ စနစ်တစ်ရပ်ပါပဲ။

Ref: engadget

Original link - http://technology.thithtoolwin.com/2015/10/bluetooth.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments: