 
 ဂျပန် အီလက် ထရောနစ် ပစ္စည်း ကုမ္ပဏီ Sharp ရဲ့ နောက်ဆုံး တီထွင်မှု တစ်ခုဖြစ်တဲ့ RoBoHon စက်ရုပ်လေးဟာ လမ်းလျှောက်နိုင်၊ စကားပြောနိုင်ပြီး သီချင်းဖွင့် ထားမယ်ဆိုရင် ကခုန်မှုပါ လုပ်နိုင် ပါတယ်။
RoBoHon ဟာ သာမန်စက်ရုပ် တစ်ရုပ် မဟုတ်ဘဲ 3G နဲ့ LTE သုံးနိုင်တဲ့ Android စက်ရုပ် တစ်ရုပ် ဖြစ်ပါတယ်။ ဖုန်းခေါ်ဆိုမှု နဲ့ လက်ခံမှုတွေ လုပ်နိုင်ပြီး နဂို အခြေအနေ မှာဆိုရင် ဖုန်းခေါ်ဆိုမှု တွေကို စပီကာ ဖုန်းပုံစံနဲ့ ပြောဆိုနိုင်မှာ ဖြစ်ပါတယ်။
ဒီထက် ထူးခြားတာက ဖုန်းပြော နေစဉ်မှာ တစ်ဖက်လူနဲ့ ဖုန်းပြော နေတယ်လို့ မထင်ရဘဲ စက်ရုပ်က ပြောနေတဲ့ အတိုင်း စကားပြော နေရင်းနဲ့ စိတ်ခံစားမှု ပုံစံ အမျိုးမျိုးနဲ့ လှုပ်ရှား မှုတွေကို ပြုလုပ်နေမှာ ဖြစ်ပါတယ်။
တကယ်လို့ ဘယ်သူမှ မကြားအောင် အေးအေး ဆေးဆေး ပြောချင်တယ် ဆိုရင် လည်း စက်ရုပ်ကို ကောက်ကိုင် လိုက်တာနဲ့ သင့်နား ထဲကို လေသံ တိုးတိုးလေးနဲ့ ပြောသွား ပေးမှာ ဖြစ်ပါတယ်။
RoBoHon စက်ရုပ်ရဲ့နောက်ကျောမှာ touchscreen တစ်ခု ပါရှိပြီး အဆိုပါ စခရင်ကနေ စက်ရုပ်မှာ ပါဝင်တဲ့ အသုံးဝင်မှု အမျိုးမျိုးကို သုံးနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အသံနဲ့ စေခိုင်း ရုံနဲ့ တင် လုပ်ငန်း အများစုကို စက်ရုပ်က ဆောင်ရွက် နိုင်ပါတယ်။
စက်ရုပ် မျက်လုံး နှစ်လုံးကြားမှာ ထည့်ထားတဲ့ ကင်မရာ ကနေ ဓာတ်ပုံတွေကို ရိုက်ကူး ခိုင်းနိုင်ပြီး ပရောဂျက်တာ အသေးစား တစ်ခုကို နဖူးနေရာမှာ ထည့်သွင်း ထားတာ ကြောင့် နံရံတွေမှာ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို ထိုးပြ ပေးနိုင်မှာ ဖြစ်ပါတယ်။ RoBoHon စက်ရုပ်ဟာ ၂၀၁၆ ခုနှစ် အတွင်းမှာ ဈေးကွက် ၀င်မှာ ဖြစ်တယ်လို့ သိရပါတယ်။
သစ်ထူးလွင်(နည်းပညာ)
Original link - http://technology.thithtoolwin.com/2015/10/sharp.html
 
 









 
 
 
No comments: