တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, October 9, 2015

Surface Book ကို ကီးဘုတ်ဖြုတ်၍ သုံးစွဲလျှင် ဘက်ထရီ သက်တမ်း ၃ နာရီသာ အသုံးပြုနိုင်




Surface Book ကို ကီးဘုတ် dock မှ ဖြုတ်၍ သုံးစွဲသည့် အခါ ဘက်ထရီမှာ ၃ နာရီသာ ခံနိုင်ရည် ရှိကြောင်း TechCrunch ၏ ဗီဒီယို တစ်ခုတွင် ဖော်ပြချက် အရ သိရသည်။

ဘက်ထရီ သက်တမ်းနှင့် ပတ်သက်၍ မေးမြန်းမှု အပေါ် Microsoft ဝန်ထမ်း တစ်ဦးက “ဘက်ထရီရဲ့ လေးပုံ သုံးပုံက အောက်ခြေမှာပါ။ ကျန်တစ်ပုံက ထိပ်ဘက် ပိုင်းမှာပါ။ ဒါကြောင့် clipboard mode နဲ့ သုံးတဲ့ အခါမှာ ဘက်ထရီကို သုံးနာရီလောက်ပဲ အသုံးပြုနိုင် ပါလိမ့်မယ်” ဟု ရှင်းပြခဲ့သည်။

Microsoft ၏ Surface Book ကို ကီးဘုတ်မှ ဖြုတ်ပြီး tablet အနေဖြင့် အသုံးပြု ရာတွင် ဘက်ထရီ သက်တမ်း တိုတောင်းခြင်းက ကြီးမားသည့် ပြဿနာ မဟုတ်သော်လည်း ကီးဘုတ် dock ကို အိမ်တွင် ချန်ထား ခဲ့လိုသူများ အတွက် စိတ်ပျက်ဖွယ်ရာ ဖြစ်လာနိုင်သည်။

Microsoft ကမူ Surface Book ကို ကီးဘုတ်ဖြင့် အသုံးပြုပြီး ဗီဒီယို ကြည့်ရှုသည့် အခါ ဘက်ထရီကို ၁၂ နာရီ အသုံးပြုနိုင်ကြောင်း ပြောကြား ထားသည်။

Ref: BusinessInsider

Internet journal By: နောင်နောင်

Original link - http://www.internetjournal.media/news/4420


No comments: