တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, October 5, 2015

T-Mobile ဖုန်း အသုံးပြုသူ ၁၅ သန်းရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို ဟက်ကာတွေ ခိုးယူ




ဟက်ကာ တွေဟာ အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့ T-Mobile ဖုန်း အသုံးပြုသူ ၁၅ သန်းရဲ့ ပုဂ္ဂိုလ်ရေး အချက် အလက်တွေကို ခိုးယူ သွားခဲ့ တယ်လို့ သိရ ပါတယ်။ ဒီဖြစ်ရပ် ဟာ အမေရိကန် ဆက်သွယ်ရေး အော်ပရေတာ T-Mobile နဲ့ အကြွေး ၀န်ဆောင်မှု အေဂျင်စီ တစ်ခုနဲ့ လက်တွဲ ဆောင်ရွက် အပြီးမှာ စတင်ဖြစ်ပျက် ခဲ့တာပဲ ဖြစ်ပါတယ်။

T-Mobile က အတည်ပြု ပေးခဲ့တာ ကတော့ အခိုးခံ လိုက်ရတဲ့ အချက်အလက် တွေထဲမှာ နာမည် ၊ လိပ်စာ ၊ မွေးနေ့ ၊ လူမှု လုံခြုံရေး နံပါတ် စသည်တို့ ပါဝင် သွားတယ် ဆိုတာပါပဲ။ T-Mobile ဖုန်း အသုံးပြု သူတွေရဲ့ ဖုန်းဘေလ် အပါ အ၀င် အကြွေး နဲ့ ပတ်သက် တာတွေကို ၀န်ဆောင်မှု ပေးတဲ့ Experian ဆိုတဲ့ Application ကြောင့် T-Mobiel ဖုန်း အော်ပရေတာ က ဟက်ကာ တွေရဲ့ ပစ်မှတ်ဖြစ်သွားခဲ့ရတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

T-Mobile ရဲ့ အုပ်ချုပ်သူ တစ်ယောက် ဖြစ်တဲ့ John Legere က ပြောတာ ကတော့ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့ကနေ ၂၀၁၅ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့ ကြားမှာ T-Mobile ဖုန်း တွေကို အသုံးပြု ခဲ့သူ တိုင်းဟာ ဒီဆိုက်ဘာ တိုက်ခိုက်မှု ရဲ့ အကျိုးဆက် တွေကို ခံရနိုင် တယ်လို့ ဆိုပါတယ်။

"ကျွန်တော်တို့ Experian နဲ့ အတူ အလုပ် လုပ်ပြီး ၀ယ်ယူသူ အားလုံး အတွက် ကာကွယ်ရေး ခြေလှမ်းတွေ ပြင်ဆင်ဖို့ အတတ်နိုင်ဆုံး မြန်ဆန်စွာ လုပ်ဆောင် ပေးသွား မှာပါ။ အစ ကတော့ ကျွန်တော် ဒီဒေတာ အခိုးခံ ရမှုနဲ့ ပတ်သတ်ပြီး ဒေါသ ထွက်သွား ပါတယ်။

Experian နဲ့လည်း အဆင်မပြေ မှုတွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ ကျွန်တော်တို့ရဲ့ အဓိက တာဝန်က သုံးစွဲသူတွေ ထိခိုက် သွားတာတွေကို ကူညီဖို့ပဲ ဖြစ်ပါတယ်" လို့ John Legere က ဆိုပါတယ်။

ဒီ ဖြစ်ရပ်နဲ့ ပတ်သက် ပြီးတော့လည်း T-Mobile က ထိခိုက် နစ်နာခဲ့တဲ့ ၀ယ်ယူသူတွေ အတွက် အခမဲ့ အကြွေး စောင့်ကြည့်ခြင်း ၀န်ဆောင်မှု ကို ၂ နှစ် တိတိ ဆောင်ရွက်ပေး သွားမယ်လို့ အတည်ပြု ပေးခဲ့ ပါတယ်။

ဒီလို ဒေတာတွေ ခိုးယူ သွားတဲ့ ဟက်ကာ ဘယ်သူလည်း ဆိုတာ အတိ အကျတော့ မသိရသေး ပါဘူး။ အခုလို လုပ်ဆောင်ချက် ပြင်းတဲ့ ဆိုက်ဘာ တိုက်ခိုက်မှု တွေဟာ ၂ နှစ် အတွင်းမှာ Sony Pictures ၊ eBay နဲ့ အရွယ်ရောက်ပြီး သူတွေ ကြည့်တဲ့ ၀က်ဘ်ဆိုက် Ashley Madison တို့ကို တိုက်ခိုက် ခံရပြီးမှာ ဖြစ်ပွားခဲ့တဲ့ ဟက် (Hack) လုပ်ခံရမှု အကြီးစား တစ်ခုလည်း ဖြစ်ပါတယ်။

( Mario )

သစ်ထူးလွင်(နည်းပညာ)

Original link - http://technology.thithtoolwin.com/2015/10/t-mobile.html


No comments: