တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, October 5, 2015

၁၀ မိနစ်ကြာ တစ်ခါ အားသွင်း ထားရုံနဲ့ ၂၅၈ မိုင်တိတိ မောင်းနှင်နိုင်မယ့် အီလက်ထရစ် ဘတ်စ်ကား




အီလက်ထရစ် ကားတွေဟာ ပိုပြီး Sexy ဖြစ်မှာပါ။ ဒါပေမယ့် Tesla ကား ကုမ္မဏီ မှာ ၀န်ထမ်းဟောင်း တစ်ယောက် ဖြစ်ခဲ့တဲ့ Ryan Popple အတွက်တော့ အီလက်ထရစ် ဘတ်စ် ကားတွေဟာ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတယ် ဆိုတာကို သိခဲ့ ပါတယ်။

Ryan က စတင် တည်ထောင်ခဲ့တဲ့ Proterra ဆိုတဲ့ ကုမ္မဏီကနေ လက်ရှိ စမ်းသပ်မှု အရ တစ်ခါ အားသွင်း ထားရုံနဲ့ ၂၅၈ မိုင်တိတိ မောင်းနှင်နိုင်မယ့် အီလက်ထရစ် ဘတ်စ်ကား တစ်စီးကို ဒီဇိုင်းရေးဆွဲ ခဲ့ပါတယ်။ ဒါဟာ ဘာကို ရည်ရွယ် သလဲ ဆိုရင် နိုင်ငံ အတွင်းမှာရှိတဲ့ ရာနဲ့ချီ အရေ အတွက်ရှိတဲ့ ထောင်ပေါင်း များစွာသော ဒီဇယ် စွမ်းအင်သုံး ဘတ်စ် ကားတွေကို အစားထိုး ဖို့ ဖြစ်လာမှာပါ။

ထို ဒီဇယ် ကားတွေဟာ ပျမ်းမျှအားဖြင့် တစ်ဂါလံကို ၅ မိုင်ခန့်သာ သွားနိုင်ပြီး သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေတဲ့ ကာဗွန် ထုတ်လုပ်မှု ဟာလည်း အလွန်မြင့်မားနေပါတယ်။ဒီ အီလက်ထရစ် ဘတ်စ်ကားဟာ အခြား စပ်ပေါင်းစွမ်းအင်သုံး(Hybird) ဘတ်စ်တွေထက်ပင် တစ်သက်လုံးစာ အတွက် ကုန်ကျစရိတ် သက်သာနေစေမှာပါ။

ထိုကားရဲ့ ကိုယ်ထည်ကိုလည်း ကာဗွန်ဖိုက်ဘာကို အသုံးပြုပြီး တည်ဆောက်ထားတဲ့အတွက် အလွန် ပေါ့ပါးတဲ့ ကိုယ်ထည်ဖြစ်နေပြီး ဘက်ထရီ စနစ်ဟာလည်း ထင်သလောက် မကြီးမားပဲ သတ္တုနဲ့ ပြုလုပ်ထားတာကြောင့် လမ်းပေါ်မှာ ထင်ထားတာထက် ကြာရှည်ခံနိုင်မှာပါ။ သာမာန်ဘတ်စ်ကားတွေထက် မသိမသာ လေး အလေးချိန် ပိုမို ပေါ့ပါးတာကြောင့်လည်း လမ်းပေါ်မှာ အရှိန်ယူဖို့နဲ့ ကွေ့နိုင်ဖို့အတွက် ပိုမိုကောင်းမွန်မှာပါ။

အရင်တုန်းက ထုတ်လုပ်ထားတဲ့ အီလက်ထရစ် ဘတ်စ်ကားဟာ လေဆိပ်နဲ့ အခြား တိုတောင်းတဲ့ လမ်းကြောင်းတွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတာပါ။ အဲဒီကားကတော့ မိုင် ၃၀ ခန့်မောင်းပြီးရင် ဘက်ထရီကို အားပြန်သွင်းရပါမယ်။ အခုစမ်းသပ်လိုက်တဲ့ အီလက်ထရစ် ဘတ်စ်ကား ကိုတော့ Tesla က ထုတ်လုပ်ထားတဲ့ အီလက်ထရစ်ကား အတိုင်းပဲ နည်းပညာ ကို အသုံးချထားပါတယ်။

လက်ရှိမှာတော့ မိုင်ပေါင်း ၂၅၀ အထိ တစ်ခါအားသွင်းထားရုံနဲ့ မောင်းနှင်နိုင်မယ့် အီလက်ထရစ် ကားဟာ နောက်တစ်ခါ ထုတ်လုပ်တဲ့အခါ မိုင်ပေါင်း ၃၀၀ လောက်အထိ သွားနိုင်အောင် လုပ်သွားမယ်လို့ Ryan Popple က ဆိုပါတယ်။ ဒီ အီလက်ထရစ်ကားကို မိုင်ပေါင်း ၂၅၀ စာ ပြန်လည် အားသွင်းနိုင်ဖို့အတွက် တော့ အချိန် ၁၀ မိနစ်ပဲ လိုတယ်လို့လည်း သိရပါတယ်။

သစ်ထူးလွင်(နည်းပညာ)

Original link - http://technology.thithtoolwin.com/2015/10/blog-post_5.html


No comments: