တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, October 29, 2015

Windows Laptop ကောင်းကောင်း ၀ယ်ချင်သူတွေ အတွက် Microsoft Surface Book (သို့မဟုတ်) အကောင်းဆုံး Laptop




Apple ဟာ Laptop/Desktop ကွန်ပျူတာ ထုတ်လုပ်မှု ပိုင်းမှာ သူ့ကိုယ်ပိုင် Hardware ၊ ကိုယ်ပိုင် Operating System နဲ့ပဲ ထုတ်လုပ်နေ ပါတယ်။ Hardware နဲ့ Software လိုက်ဖက် ညီအောင် ထုတ်လုပ်ပေး ထားတာမို့ သုံးရတာလည်း အင်မတန်မှ အဆင်ပြေချောမွေ့ ပါတယ်။

အခု Microsoft ကလည်း ဒီလို အားသာချက်မျိုးကို ပိုလိုချင်လာတယ် ထင်ပါတယ်။ အရင်ကလို Windows ကဲ့သို့ Operating System ထုတ်ရောင်း ရုံတင် မဟုတ်ဘဲ ကိုယ်ပိုင် Laptop ပါ ထုတ်ရောင်း လာပါပြီ။ Microsoft Surface Book လို့ ခေါ်ပါတယ်။ သူ့ရဲ့အားသာချက် ကတော့ Laptop အနေနဲ့တင် မဟုတ်ဘဲ Screen ကိုဖြုတ်ပြီး Tablet အနေနဲ့ပါ သုံးလို့ရခြင်းပါပဲ။



System ပိုင်းအနေနဲ့ကတော့ Windows 10 အသုံးပြုထားပါတယ်။ အပေါ်မှာတုန်းကပြောခဲ့သလိုပဲ Microsoft ဟာ သူ့ရဲ့ပထမဆုံး Laptop ကို သူ့ရဲ့ Windows OS နဲ့ လိုက်ဖက် ညီအောင် ထုတ်လုပ်ပေး ထားတာပါ။ ဒီဇိုင်းလည်း အင်မတန် လှပါတယ်။ Screen size က ၁၃.၅ လက်မဖြစ်ပြီး Screen Resolution ကတော့ 3000 x 2000 ရှိပါတယ်။

လက်ရှိ ထွက်ရှိထားတဲ့ Apple Macbook Pro 15 လက်မ ထက်တောင် ရုပ်ထွက် ပိုကြည်နေ ဦးမှာပါ။ Processor အနေနဲ့ ကတော့ Core i5 processor သို့မဟုတ် Core i7 Processor ၊ RAM အနေနဲ့လည်း 8GB သို့မဟုတ် 16GB ၊ Storage အနေနဲ့ 128GB, 256GB, 512GB, or 1TB မိမိကြိုက်နှစ်သက်ရာ နဲ့ ရွေးချယ် ၀ယ်ယူနိုင်မှာပါ။

Battery သက်တမ်းကလည်း တစ်ခါ အားအပြည့် သွင်းထားရင် ၁၂ နာရီ အသုံးပြုနိုင် ပါတယ်။



USB Port အနေနဲ့ USB 3.0 Port တွေ တပ်ဆင် ထားပါတယ်။ Touch Screen ပေါ်မှာ စာရေးဖို့ ပုံဒီဇိုင်းတွေ ဆွဲဖို့ Pen တစ်ချောင်းလည်း ပါဝင်ပြီး Screen ဘေးမှာ သံလိုက်နဲ့ ကပ်ထားလို့ ရပါတယ်။

Core i5 Processor တပ်ဆင်ထားတဲ့ Surface book မှာတော့ Intel HD Graphics 520 သာပါဝင်ပြီး Core i7 Processor တပ်ဆင် ထားတဲ့ Surface Book မှာတော့ NVIDIA GeForce GPU with 1GB GDDR5 memory ကို တပ်ဆင်ပေး ထားပါတယ်။



Pro ပုံစံနဲ့သုံးချင် ရင်တော့ Core i7 တပ်ဆင်ထားတဲ့ Surface Book ကမှ ပိုအဆင်ပြေ မှာပါ။ Surface Book က Tablet အနေနဲ့လည်း အသုံးပြုနိုင် တာကြောင့် ရှေ့ဘက်ခြမ်း မှာရော နောက်ဘက်ခြမ်း မှာပါ Camera ပါဝင် ပါတယ်။

ရှေ့ကင်မရာ 5.0 Megapixel နဲ့နောက်ဘက် ကင်မရာ 8.0 Megapixel ဖြစ်ပါတယ်။ ထွက်ရှိခဲ့သမျှ Windows Laptop တွေ ထဲမှာတော့ အကောင်းဆုံး စွမ်းဆောင်ရည် ပေးနိုင်မယ် ဆိုတာသေချာပါတယ်။

ဈေးအနေနဲ့ကတော့ Core i5 processor နဲ့ဆိုရင် 1499 ဒေါ်လာဖြစ်ပြီး Core i7 Processor နဲ့ဆိုရင်တော့ 2099 ဒေါ်လာဖြစ်ပါတယ်။

ယခုစတင်ရောင်းချနေပါပြီ။ မြန်မာပြည် ကိုလည်း နိုဝင်ဘာ လကုန်လောက်ဆို ရောက်လာတော့မှာပါ။ Microsoft Surface ကို ပထမဆုံး ဖွင့်ဖောက် ကြည့်ရှုထားတဲ့ Unboxing Video ကိုအောက် မှာကြည့်ရှုနိုင် ပါတယ်။



Original link - http://www.myanmarmobileapp.com

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments: